ဒါမီ

Azoxystrobin 20 % + Difenoconazole 12.5 % SC

ပင်လုံးပျံ့အာနိသင်ရှိရေဖျော်မှိုသတ်ဆေး

  • အပင်တွင်းစိမ့်ဝင်အားကောင်းပြီး ပင်လုံးပျံ့အာနိသင်ရှိ မှိုသတ်ဆေးဖြစ်သည်။
  • သီးနှံပင်များပေါ်တွင်ကျရောက်သောမှိုရောဂါများမျိုးပွားခြင်းနှင့်မှိုမျှင်ကြီးထွားခြင်းတို့ကို ဟန့်တားထိန်းချုပ်နိုင်သော မှိုသတ်ဆေးဖြစ်သည်။
  • မှိုရောဂါအများစုကို အချိန်ကြာမြင့်စွာ ကာကွယ်ကုသမှု ပေးနိုင်သည့် အစွမ်းရှိသည်။

အဆာဆင်း

Thiamethoxam 30 % SC

ပင်လုံးပျံ့ ပိုးသတ်ဆေး

  • Neonicotinoid အုပ်စုဝင် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
  • အဓိကအားဖြင့် ဖြုတ်ညို၊ ဖြုတ်စိမ်း၊ နှံစုပ်ဂျပိုး၊ ပျ၊ ယင်ဖြူ၊ လှေးစသည့် စုပ်စားပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။
  • စပါး၊ ဝါ၊ အားလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ဖရဲ၊ သခွားမွှေး၊ ပဲမျိုးစုံ၊ မြေပဲနှင့် နှမ်းစသည့် သီးနှံများတွင် အသုံးပြုနိုင်သည်။

ဖို့

(Ca & Mg) Ca – 6%, Mg – 2%, Zn – 0.1%, B – 0.1%,

ရွက်ဖျန်းမြေဩဇာ

  • ပန်းပွင့်နှုန်း၊ အသီးသီးနှုန်းမြင့်မားခြင်း။
  • ပင်စည်တောင့်တင်း ခိုင်မာခြင်း။
  • အမြစ်ဖွံ့ဖြိုးမှု အားကောင်းခြင်း။
  • အသီး၊ အရွက်များ ပုံသဏ္ဍာန်မမှန်ခြင်းမှ ကာကွယ်ပေးခြင်း။

ဗိုက်တာ ရှိုဗယ် (လ်)

2,4-D Acid 2.4 + Glyphosate Ammonium 30% SL

ရွေးချယ်မဲ့ရေဖျော်ပေါင်းသတ်ဆေးရည်

  • ဗိုက်တာရှိုဗယ်(လ်) ဆေးသည် ရွေးချယ်မဲ့‌ပေါင်းသတ်ဆေးဖြစ်ပြီး ပေါင်းပင်များ၏ အရွက်မှ တဆင့် တစ်ပင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့နိုင်သည်။
  • သီးနှံမစိုက်ပျိုးမီနှင့် လယ်ကန်သင်း၊ ယာကန်သင်းတွင် ပေါက်ရောက်သော မြက်၊ မုန်ညင်း ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်သည်။

ဗိုက်တာ အေဖန်

Difenoconazole + Azoxystrobin 26 % SC

ရေဖျော်မှိုသတ်ဆေး

  • ဗိုက်တာ‌အေဖန်၂၆%အက်(စ်)စီသည် သီးနှံပင်အစိတ်အပိုင်းများအတွင်းသို့ ထိုးဖောက်စိမ့်ဝင်မှု အားကောင်းပြီး မှိုရောဂါအများအပြားကို ကာကွယ်ကုသနိုင်သည့် ပင်လုံးပျံ့အာနိသင်ရှိသော မှိုရောဂါသတ်ဆေးဖြစ်သည်။
  • Triazoleနှင့်Methoxyacrylate ဆေးအုပ်စုနှစ်ခုကို ပေါင်းစပ်ထုတ်လုပ်ထားသော မှိုရောဂါသတ်ဆေး ဖြစ်သဖြင့် အခြားမှိုရောဂါသတ်ဆေးများဖြင့် မနှိမ်နင်းနိုင်သော မှိုရောဂါများကို အမြစ်ပြတ်နှိမ်နင်းနိုင်သည်။
  • သီးနှံပင်အများစုတွင် ဖြစ်တတ်သော အမြစ်ပုပ်၊ ပင်ခြေပုပ်နှင့် ခါးရိရောဂါတို့ကို ကာကွယ်ကုသရန်အတွက် အထူးကောင်းမွန်သည့် မှိုသတ်ဆေးဖြစ်သည်။
  • သခွား၊ ဖရဲ၊ စပျစ်စသည့် သီးနှံတို့တွင် ကျရောက်တတ်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊ ခရမ်းချဉ်၊ အာလူးတို့တွင်ကျရောက်တတ်သော စောပင်နာကျနှင့် နှောင်းပင်နာကျရောဂါတို့ကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။