ပါရာဂတ် ၂၅ အီးစီ

( Pyraclostrobin 250g/l EC )

ရေဖျော်မိူသတ်ဆေးရည်

  • ပါရာဂတ် ၂၅ အီးစီ ရေဖျော်မှိုသတ်ဆေးရည်သည် အပင်အတွင်း ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိပြီး မှိုရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း (၂)မျိုးလုံးအတွက် အသုံးပြုနိုင်သည့် မှိုသတ်ဆေးတစ်မျိုးဖြစ်သည်။
  • စပါး၊ မြေပဲ၊ ငှက်ပျော၊ သခွား၊ သခွားမွှေး၊ အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ဂန္ဓမာ၊ စပျစ်၊ ရှောက်သံပုရာနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်လေ့ရှိသော စပါးရွက်ဖုံးခြောက်ရောဂါ၊ ဒေါင်းနီးရွက်ခြောက်ရောဂါ၊ စောပင်နာကျရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ သံချေးရောဂါ နှင့် ရွက်ပြောက်ရောဂါများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ဗိုက်တာ ဒင်ဂ

(Emamectin Benzoate 5% WDG)

ထိသေ၊ စားသေ အာနိသင်ရှိ ရေဖျော် ပိုးသတ်ဆေးခဲ

  • ဗိုက်တာဒင်ဂ ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိပြီး လိပ်ပြာ၊ ဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။
  • အရွက်၏ တစ်သျှူးများအတွင်း ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိသော ပိုးသတ်ဆေးဖြစ်သည်။
  • ပိုးလောက်ကောင်များသည် ဆေးဖျန်းထားသော သီးနှံပင်များကို စားမိပါက နာရီပိုင်းအတွင်း အစာစားခြင်း ရပ်တန့်ကာ၊ အကြောသေခြင်းကို ဖြစ်စေပြီး(၂-၄)ရက်အတွင်း သေစေနိုင်သည်။
  • စပါး၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ မုန်လာ၊ ဝါ၊ ရှောက်၊ သံပုရာ၊ ပြောင်း၊ ပန်းမာန်များနှင့် ဟင်းသီးဟင်းရွက်များတွင် ကျရောက် ဖျက်ဆီးတတ်သော ငမြှောင်တောင်၊ ပင်ဖြတ်ပိုး၊ သီးလုံးဖောက်ပိုး၊ ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်စားပိုး၊  ထွာကောင်စိမ်း နှင့် စိန်ကွက်ဖလံ စသည့် ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ပိုင်မီရမ် ၆၀ ဒဗလျူဂျီ

( Pyraclostrobin 5% + Metiram 55% WG )

ရေဖျော်မှိုသတ်ဆေးခဲ

  • ပိုင်မီရမ် ၆၀ ဒဗလျူဂျီ ရေဖျော်မှိုသတ်ဆေးခဲသည်  မှိုရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း(၂)မျိုးလုံး အသုံးပြုနိုင်သည် မှိုသတ်ဆေးဖြစ်သည်။
  • ပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ငရုတ် သီးနှံများတွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ အသီးပုပ်ရောဂါ၊ သခွား၊ သခွားမွှေး တွင် ကျရောက်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊ အာလူး၊ ခရမ်းချဉ် သီးနှံများတွင် ကျရောက်သော စောပင်နာကျရောဂါ၊ နှောင်းပင်နာကျ(လောင်မဲ)ရောဂါ စသည့် ရောဂါများကို ကောင်းစွာ ကာကွယ် ကုသနှိမ်နင်းနိုင်ပါသည်။

ဗိုက်တာ ဇောင်းချမ်း

( Zhongshengmycin 3% WP )

ရေဖျော်ရောဂါသတ်ဆေးမှုန့်

  • ဗိုက်တာ ဇောင်းချမ်း ရေဖျော်ရောဂါသတ်ဆေးမှုန့်သည် မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • မတ်ပဲ၊ ပဲတီစိမ်း တွင်ကျရောက်သော ရွက်ပြောက်ရောဂါ၊ ရွက်ခြောက်ရောဂါ စပါးသီးနှံတွင် ကျရောက်သော ရွက်စင်းရောဂါ၊ ရွက်ခြောက်ရောဂါ ဖရဲ၊ သခွား၊ သခွားမွှေး တွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ပင်ညှိုးရောဂါ၊ ရှောက်၊ သံပုရာ၊ လိမ္မော် တွင် ကျရောက်သော ကင်ကာရောဂါ(အနာချိုင့်ရောဂါ) နှင့် ကွမ်း တွင် ကျရောက်သော ဆီစွန်းရောဂါ တို့ကို ကောင်းစွာနှိမ်နင်းနိုင်ပါသည်။

ဂျီဂျီ-ဟူးမစ် အန်

N - 12.5% : P2O5 - 4% : K2O - 8.5% : Humic Acid-3.5%

ရွက်ဖျန်းမြေဩဇာ

  • အပင်ကြီးထွားမှုနှင့် အမြစ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုသည်။
  • အသီးအပွင့်ဖြစ်ပေါ်မှုကောင်းပြီး အထွက်တိုးစေသည်။
  • ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိသည်။
  • သီးနှံပင်၏ အမြစ်ကြံ့ခိုင်သန်စွမ်းခြင်း၊ အပင်အတွက် လိုအပ်သော အာဟာရများကို ကောင်းစွာ စုပ်ယူနိုင်ခြင်းတို့အတွက် လုပ်ဆောင်ပေးသည်။
  • အပင်များ၏ ကလိုရိုဖီးလ်ဖြစ်ပေါ်မှုကို အားပေးပြီး အစာချက်လုပ်နိုင်စွမ်းတိုးစေသည်။
  • စပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ မြေပဲ၊ ငရုတ်၊ ဂေါ်ဖီ၊ ခရမ်းချဉ်၊ အလှစိုက်ပန်းပင်များနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။