အန်ဒါ အိုနီ ဗီဂါ

(12-6-40) N-12% : P2O5-6% : K2O-40% : B-0.12% : Mn-0.05% : Zn-0.05% : Cu-0.01% : Fe-0.01% : Mo-0.001%

ရွက်ဖျန်းမြေဩဇာ

  • အသီး၊ အပွင့်တင်မှုအားကောင်းစေခြင်း။
  • အသီးအပွင့် အရည်အသွေးကောင်းမွန်ခြင်း။
  • အထွက်နှုန်းကောင်းစေခြင်း။
  • ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၁၅-၃၅)ဂရမ်နှုန်းဖြင့် ဖျော်စပ် ပက်ဖျန်းနိုင်သည်။

အန်ဒါ အိုနီ အန် ဘိုစတာ

(30-10-10 ) N-30% : P2O5-10% : K2O-10% : B-0.12% : Mn-0.05% : Cu-0.01% : Zn-0.05%: Mo-0.001% : Fe-0.01%

ရွက်ဖျန်းမြေဩဇာ

  • အပင်ကြီးထွားမှုအားကောင်းစေခြင်း။
  • ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း။
  • အထွက်နှုန်းကောင်းပြီး အရည်အသွေးမြင့်မားစေခြင်း။
  • ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၁)ပုံးလျှင် (၂၀-၃၅)ဂရမ်နှုန်းဖြင့် ပက်ဖျန်းအသုံးပြုနိုင်သည်။

ဗိုက်တာအောအိုကေ

NPK – 20:20:20+TE

ရွက်ဖျန်းမြေဩဇာ

  • အပင်ဖြစ်ထွန်းမှုနှင့် အပွင့်အသီးဖြစ်ထွန်းမှုတို့ကို အချိုးမျှတအောင် လုပ်ဆောင်ပေး ခြင်း။
  • သီးနှံပင်၏ အသီးအပွင့်များစေခြင်း၊ သီးပွင့်ရင့်မှည့်မှုညီညာခြင်း၊ အောင်မြင်သော အသီးဖြစ်ပေါ်ခြင်း၊ အစေ့အဆံအောင်မြင်ခြင်း။
  • အသီးတောင့်၊ အစေ့အရောင်အသွေး တောက်ပခြင်း။
  • အစေ့အလေးချိန်စီးပြီး အရည်အသွေး တိုးတက်ကောင်းမွန်စေခြင်း။
  • သီးနှံပင်များအား နုပျိုစေပြီး ခူးဆွတ်ကာလ တာရှည်စေခြင်း။
  • အထွက်နှုန်း သိသိသာသာ တိုးစေခြင်း။

ဂျီဂျီ-မီနို

Fe - 0.35% : Zn - 0.85 : B - 0.35% : Mn - 0.15% : Mo - 0.06% : Amino Acid - 10%

အနည်းလိုအာဟာရ ရွက်ဖျန်းမြေဩဇာ

  • အစာချက်လုပ်အားကောင်းပြီး အပင်တောင့်တင်းကျစ်လျစ်ခိုင်မာစေသည်။
  • ဝတ်မှုန်ကူးအားကောင်းပြီး အသီးဖြစ်ပေါ်မှုများစေသည်။
  • ရာသီဥတု ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိစေသည်။
  • အညွှန့်နှင့် ရွက်နုထွက်ခြင်းကို အားပေးပြီး အပင်ကြီးထွားမှုကို များစွာ အထောက် အကူပြုသည်။
  • ပဲမျိုးစုံနှင့် မြေပဲစိုက်ခင်းများတွင် အပင်သက်တမ်း(၁၅-၂၀)ရက်မှစပြီး (၁၀-၁၅) ရက်ခြား တစ်ကြိမ်နှုန်းဖြင့် ဂျီဂျီ-မီနို အနည်းလိုအာဟာရ ရွက်ဖျန်းမြေဩဇာကို ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံလျှင်(၄၀-၆၀)စီစီနှုန်း ဖျော်စပ်ပက်ဖျန်း အသုံးပြု နိုင်သည်။
  • အစေ့အဆံဖြစ်ပေါ်မှု အားကောင်းပြီး သီးနှံအထွက်နှုန်းတိုးစေသည်။
  • စပျစ်၊ ငရုတ်၊ ခရမ်းချဉ်၊ ဖရဲ၊ သခွား၊ သခွားမွှေး၊ ဟင်းသီးဟင်းရွက်နှင့် ပန်းစိုက်ခင်း များတွင် ဂျီဂျီ-မီနို အနည်းလိုအာဟာရ ရွက်ဖျန်းမြေဩဇာကို ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၄၀)စီစီနှုန်း အသုံးပြုနိုင်သည်။

အာဂျေ-၂

N - 15% : P2O5 - 10% : K2O - 30% : B - 0.2% : Mo - 0.1%

ရွက်ဖျန်းမြေဩဇာ

  • အပင်ပိုင်းကြီးထွားမှုနှင့် အမြစ်ဖွံ့ဖြိုးမှုအားကောင်းစေသည်။
  • အဖူးအပွင့်များဖွံ့ဖြိုးမှုကောင်းပြီး ဝတ်မှုန်ကူးနှုန်းတိုးစေသည်။
  • ရေငတ်ဒဏ်နှင့် ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေသည်။
  • အစေ့အဆံနှင့် အသီးအရည်အသွေးကောင်းမွန်၍ အထွက်နှုန်းတိုးစေသည်။
  • မြေပဲ၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ငရုတ်၊ သခွား၊ ဖရဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဟင်းသီး ဟင်းရွက်များတွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
  • သီးနှံစိုက်ခင်းများတွင် ဝတ်မှုန်ကူးအားနည်းပြီး အသီးတင်နှုန်းမကောင်းခြင်း၊ အစေ့ အဆံအောင်မြင်မှုနည်းခြင်း၊ သီးနှံပင်၏ကလိုရိုဖီးလ်ဖြစ်ပေါ်မှုနည်းပြီး အပင်ကြီးထွား သန်မာမှု နှေးကွေးခြင်း၊ အမြစ်ဖွံ့ဖြိုးမှုအားနည်းခြင်းစသည့် လက္ခဏာများ တွေ့ရှိ ပါကရေ(၂၀) လီတာလျှင် အာဂျေ-၂ ရွက်ဖျန်းမြေဩဇာကို (၅၀) ဂရမ်နှုန်း ဖျော်စပ် အသုံးပြုပါ။