ဂျီဂျီ-မီနို

Fe - 0.35% : Zn - 0.85 : B - 0.35% : Mn - 0.15% : Mo - 0.06% : Amino Acid - 10%

အနည်းလိုအာဟာရ ရွက်ဖျန်းမြေဩဇာ

  • အစာချက်လုပ်အားကောင်းပြီး အပင်တောင့်တင်းကျစ်လျစ်ခိုင်မာစေသည်။
  • ဝတ်မှုန်ကူးအားကောင်းပြီး အသီးဖြစ်ပေါ်မှုများစေသည်။
  • ရာသီဥတု ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိစေသည်။
  • အညွှန့်နှင့် ရွက်နုထွက်ခြင်းကို အားပေးပြီး အပင်ကြီးထွားမှုကို များစွာ အထောက် အကူပြုသည်။
  • ပဲမျိုးစုံနှင့် မြေပဲစိုက်ခင်းများတွင် အပင်သက်တမ်း(၁၅-၂၀)ရက်မှစပြီး (၁၀-၁၅) ရက်ခြား တစ်ကြိမ်နှုန်းဖြင့် ဂျီဂျီ-မီနို အနည်းလိုအာဟာရ ရွက်ဖျန်းမြေဩဇာကို ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံလျှင်(၄၀-၆၀)စီစီနှုန်း ဖျော်စပ်ပက်ဖျန်း အသုံးပြု နိုင်သည်။
  • အစေ့အဆံဖြစ်ပေါ်မှု အားကောင်းပြီး သီးနှံအထွက်နှုန်းတိုးစေသည်။
  • စပျစ်၊ ငရုတ်၊ ခရမ်းချဉ်၊ ဖရဲ၊ သခွား၊ သခွားမွှေး၊ ဟင်းသီးဟင်းရွက်နှင့် ပန်းစိုက်ခင်း များတွင် ဂျီဂျီ-မီနို အနည်းလိုအာဟာရ ရွက်ဖျန်းမြေဩဇာကို ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၄၀)စီစီနှုန်း အသုံးပြုနိုင်သည်။