ဗိုက်တာ ဒင်ဂ

(Emamectin Benzoate 5% WDG)

ထိသေ၊ စားသေ အာနိသင်ရှိ ရေဖျော် ပိုးသတ်ဆေးခဲ

  • ဗိုက်တာဒင်ဂ ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိပြီး လိပ်ပြာ၊ ဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။
  • အရွက်၏ တစ်သျှူးများအတွင်း ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိသော ပိုးသတ်ဆေးဖြစ်သည်။
  • ပိုးလောက်ကောင်များသည် ဆေးဖျန်းထားသော သီးနှံပင်များကို စားမိပါက နာရီပိုင်းအတွင်း အစာစားခြင်း ရပ်တန့်ကာ၊ အကြောသေခြင်းကို ဖြစ်စေပြီး(၂-၄)ရက်အတွင်း သေစေနိုင်သည်။
  • စပါး၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ မုန်လာ၊ ဝါ၊ ရှောက်၊ သံပုရာ၊ ပြောင်း၊ ပန်းမာန်များနှင့် ဟင်းသီးဟင်းရွက်များတွင် ကျရောက် ဖျက်ဆီးတတ်သော ငမြှောင်တောင်၊ ပင်ဖြတ်ပိုး၊ သီးလုံးဖောက်ပိုး၊ ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်စားပိုး၊  ထွာကောင်စိမ်း နှင့် စိန်ကွက်ဖလံ စသည့် ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

နာဇာ

Dinotefuran 20% WP

ပင်လုံးပျံ့ ရေဖျော်မှိုပိုးသတ်ဆေးမှုန့်

  • အရွက်နှင့် အမြစ်တို့မှ စုပ်ယူနိုင်ပြီး တစ်ပင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့နိုင်သော ပင်လုံးပျံ့ ပိုးသတ်ဆေးဖြစ်သည်။
  • စပါး၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ အာလူးနှင့်  အခြားဟင်းသီးဟင်းရွက်စိုက် ခင်းများတွင် သုံးစွဲနိုင်သည်။
  • အဓိကအားဖြင့် ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ပျ၊ လှေး၊ ယင်ဖြူနှင့် ရွက်ထွင်းပိုးများကို နှိမ် နင်းရာတွင် ထိရောက်မှုရှိသော အစွမ်းထက် ပိုးသတ်ဆေးဖြစ်သည်။
  • ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် နာဇာပိုးသတ်ဆေး(၂၀-၅၀)ဂရမ်နှုန်းဖြင့် ပက်ဖျန်းအသုံးပြုနိုင်သည်။

မီတာ

Metaldehyde 6% GR

ထိသေ၊ စားသေ ပိုးသတ်ဆေးခဲ

  • ထိသေ၊ စားသေအာနိသင်ရှိသည်။
  • စပါးသီးနှံတွင် ဆိုးရွားစွာ ဖျက်ဆီးသော ရွှေခရုကို နှိမ်နင်းရန် အသုံးပြုနိုင်သည်။
  • ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သော ခရုနှင့် ပက်ကျိ များကို နှိမ်နင်းနိုင်သည်။
  • သီးနှံ(၁)ဧကလျှင် (၂.၅-၃)ကီလိုနှုန်း အသုံးပြုနိုင်သည်။

ဗိုက်တာ ကောင်းရင်

Bacillus thuringiensis 8000 IU/µl

အစာအိမ်အဆိပ်သင့် ပိုးသတ်ဆေး

  • ဗိုက်တာကောင်းရင် ပိုးသတ်ဆေးသည် အစာအိမ် အဆိပ်သင့်စေသော ပိုးသတ်ဆေးဖြစ်သည်။
  • လိပ်ပြာဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးနှိမ်နင်းနိုင်သည်။
  • ဖျက်ပိုးများ၏ဆဲလ်များကို ပျက်ဆီးစေပြီး အစာစားခြင်းရပ်တန့်ကာ ဖျက်ပိုးကို သေကြေပျက်ဆီး စေပါသည်။

ဗိုက်တာ တိုက်ဂါး

Nitenpyram 5 % + Buprofezin 10 % WP

  • အပင်တွင်း စိမ့်ဝင်မှုအားကောင်းသော ထိသေ၊ စားသေနှင့် ပင်လုံးပျံ့အာနိသင်ရှိသည့် ပိုးသတ်ဆေး တစ်မျိုးဖြစ်သည်။
  • စပါးစိုက်ခင်းများတွင် ကျရောက်သော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူ စသည့်ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန်အတွက် ဗိုက်တာတိုက်ဂါးဆေးကို ရေ(၂၀)လီတာလျှင် (၇၀-၁၀၀) ဂရမ်နှုန်း ဖျော်စပ် အသုံးပြုပါ။
  • ပဲမျိုးစုံ၊ ဝါ၊ ဖရဲ၊ သခွား၊ ခရမ်းချဉ်၊ ငရုတ်၊ ရှောက်သံပုရာ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် အလှစိုက်ပန်းပင်များတွင် ကျရောက်ဖျက်ဆီးတတ်သော မီလီဂျပိုး၊ ပျ၊ ယင်ဖြူ၊ လှေးစသည့် ဖျက်ပိုးများကိုလည်း နှိမ်နင်းနိုင်သည်။