ဗိုက်တာ ရိန်းဂျား ၅၀ အီးစီ

Difenoconazole 25% + Propiconazole 25 %

မှိုသတ်ဆေးရည်

  • ဗိုက်တာရိန်းဂျား၅၀အီးစီ ရေဖျော်မှိုသတ်ဆေးရည်သည် ဆေးအာနိသင်နှစ်မျိုး ပေါင်းစပ်ထားခြင်းကြောင့် မှိုရောဂါများကို ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်ပါသည်။
  • မတ်ပဲ၊ပဲတီစိမ်း၊မြေပဲ၊ပဲတိုင်ထောင်၊စပါး၊ငရုတ်နှင့် ကြက်သွန်နီ၊ကြက်သွန်ဖြူ စသည့် သီးနှံများတွင် ပက်ဖျန်းအသုံးပြုနိုင်ပါသည်။
  • မတ်ပဲ၊ ပဲတီစိမ်း၊ ပဲတိုင်ထောင် သီးနှံများတွင် ကျရောက်သော သံချေး၊ ဖားဥမှိုရောဂါ စပါးတွင် ကျရောက်သော ရွက်ဖုံးခြောက်ရောဂါငရုတ် သီးနှံတွင်ကျရောက်သော မှဲ့ပြောက်စွန်းရောဂါနှင့် ကြက်သွန်နီ/ဖြူ တွင်ကျရောက်သော တောက်တဲ့မြီးရောဂါ စသည့်ရောဂါများကို ကာကွယ်နှိမ်နင်း နိုင်ပါသည်။

ထရိုင်ဆု ၇၅ %ဒဗလျူဒီဂျီ

Trifloxystrobin 25% + Tebuconazole 50% WDG

ပင်လုံးပြန့် မှိုသတ်ဆေး

  • ထရိုင်ဆု၇၅% ဒဗလျူဒီဂျီ မှိုသတ်ဆေးသည် အပင်အတွင်းစိမ့်၀င်မှု အားကောင်းသည့် ပင်လုံးပြန့် မှိုသတ်ဆေးဖြစ်သည်။
  • မတ်ပဲ၊ ပဲတီစိမ်း၊ ခရမ်းချဥ်၊ အာလူး၊ သခွား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂန္ဓမာပန်း စသည်တို့တွင် အသုံးပြုနိုင်သည်။
  • ထရိုင်ဆု၇၅% ဒဗလျူဒီဂျီ ပင်လုံးပြန့် မှိုသတ်ဆေးသည် မတ်ပဲ၊ ပဲတီစိမ်း၊ သခွား စသည့် သီးနှံများတွင် ကျရောက်သော ဖားဥမှိုရောဂါ၊ သံချေးရောဂါ ခရမ်းချဥ်၊ အာလူးသီးနှံများတွင် ကျရောသော စောပင်နာကျ နှင့် ရွက်ပြောက် စသည့်‌ရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။