ပါရာဂတ် ၂၅ အီးစီ

( Pyraclostrobin 250g/l EC )

ရေဖျော်မိူသတ်ဆေးရည်

  • ပါရာဂတ် ၂၅ အီးစီ ရေဖျော်မှိုသတ်ဆေးရည်သည် အပင်အတွင်း ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိပြီး မှိုရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း (၂)မျိုးလုံးအတွက် အသုံးပြုနိုင်သည့် မှိုသတ်ဆေးတစ်မျိုးဖြစ်သည်။
  • စပါး၊ မြေပဲ၊ ငှက်ပျော၊ သခွား၊ သခွားမွှေး၊ အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ဂန္ဓမာ၊ စပျစ်၊ ရှောက်သံပုရာနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်လေ့ရှိသော စပါးရွက်ဖုံးခြောက်ရောဂါ၊ ဒေါင်းနီးရွက်ခြောက်ရောဂါ၊ စောပင်နာကျရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ သံချေးရောဂါ နှင့် ရွက်ပြောက်ရောဂါများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ပိုင်မီရမ် ၆၀ ဒဗလျူဂျီ

( Pyraclostrobin 5% + Metiram 55% WG )

ရေဖျော်မှိုသတ်ဆေးခဲ

  • ပိုင်မီရမ် ၆၀ ဒဗလျူဂျီ ရေဖျော်မှိုသတ်ဆေးခဲသည်  မှိုရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း(၂)မျိုးလုံး အသုံးပြုနိုင်သည် မှိုသတ်ဆေးဖြစ်သည်။
  • ပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ငရုတ် သီးနှံများတွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ အသီးပုပ်ရောဂါ၊ သခွား၊ သခွားမွှေး တွင် ကျရောက်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊ အာလူး၊ ခရမ်းချဉ် သီးနှံများတွင် ကျရောက်သော စောပင်နာကျရောဂါ၊ နှောင်းပင်နာကျ(လောင်မဲ)ရောဂါ စသည့် ရောဂါများကို ကောင်းစွာ ကာကွယ် ကုသနှိမ်နင်းနိုင်ပါသည်။

ဗိုက်တာ ဇောင်းချမ်း

( Zhongshengmycin 3% WP )

ရေဖျော်ရောဂါသတ်ဆေးမှုန့်

  • ဗိုက်တာ ဇောင်းချမ်း ရေဖျော်ရောဂါသတ်ဆေးမှုန့်သည် မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • မတ်ပဲ၊ ပဲတီစိမ်း တွင်ကျရောက်သော ရွက်ပြောက်ရောဂါ၊ ရွက်ခြောက်ရောဂါ စပါးသီးနှံတွင် ကျရောက်သော ရွက်စင်းရောဂါ၊ ရွက်ခြောက်ရောဂါ ဖရဲ၊ သခွား၊ သခွားမွှေး တွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ပင်ညှိုးရောဂါ၊ ရှောက်၊ သံပုရာ၊ လိမ္မော် တွင် ကျရောက်သော ကင်ကာရောဂါ(အနာချိုင့်ရောဂါ) နှင့် ကွမ်း တွင် ကျရောက်သော ဆီစွန်းရောဂါ တို့ကို ကောင်းစွာနှိမ်နင်းနိုင်ပါသည်။

ဗိုက်တာဂြိုဟ်သား

Mancozeb + Metalaxyl 72% WP

ထိသေနှင့် ပင်လုံးပျံ့မှိုသတ်ဆေး

  • မှိုရောဂါများကို ကာကွယ်နိုင်သည့် Mancozeb နှင့် မှိုရောဂါများကို ကုသနိုင်သော အစွမ်းရှိသည့် Metalaxyl ကို ပေါင်းစပ်၍ ထုတ်လုပ်ထားသော မှိုသတ်ဆေးဖြစ်သည်။
  • အာလူး၊ ခရမ်းချဉ်တို့တွင် ကျရောက်လေ့ရှိသော စောပင်နာကျရောဂါ၊ နှောင်းပင်နာ ကျရောဂါတို့ကို ကာကွယ်ကုသနိုင်သည်။
  • ငရုတ်ကိုင်းဖျားခြောက်ရောဂါ၊ မြစ်ပုပ်ရောဂါနှင့် ခရမ်းချဉ်ခါးရိရောဂါတို့ကို ကာကွယ် ကုသနိုင်သည်။
  • ဖရဲ၊ သခွား၊ သခွားမွှေး၊ ပဲမျိုးစုံစသည့် သီးနှံတို့တွင် ကျရောက်သော ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မှည့်ပြောက်စွန်းရောဂါတို့ကို ကုသရာတွင် အသုံးပြုနိုင်သည်။
  • ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာဂြိုဟ်သား မှိုသတ်ဆေး(၅၀-၇၀)ဂရမ်နှုန်း ပက်ဖျန်းအသုံးပြုနိုင်သည်။

ဟက်(စ်)

Hexaconazole 10% SC

ပင်လုံးပျံ့ ရေဖျော်မှိုသတ်ဆေး

  • ပင်လုံးပျံ့အာနိသင်ရှိ မှိုရောဂါသတ်ဆေးဖြစ်သည်။
  • ဟက်(စ်) မှိုသတ်ဆေးကို မှိုရောဂါ ကာကွယ်ဆေးအဖြစ်လည်းကောင်း၊ ကုသဆေးအ ဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။
  • စပါး၊ ခရမ်းချဉ်၊ သခွားမွှေး၊ ဖရဲ၊ စပျစ်နှင့် ဟင်းသီးဟင်းရွက်စသည့် သီးနှံများတွင် ပက်ဖျန်း အသုံးပြုနိုင်သည်။
  • ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၁၀-၅၀)စီစီနှုန်းဖြင့် ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။