previous arrow
next arrow
Slider

Welcome To Byter Myanmar Company Limited

Byter Agriculture Technology Co., Ltd. was established in 2015. It operates pesticides, fertilizers, seeds, etc. in foreign countries with its own brand of BYTER ,self-built terminal marketing network and independent ability of R&D and products design.

Mission

Easier to Plant , Healthier for Agriculture.

Vision

Become a most respected agricultural enterprise.

Value

Create-together, Encourage-together, Share-together.

All Products

ပါရာဂတ် ၂၅ အီးစီ

( Pyraclostrobin 250g/l EC )

ရေဖျော်မိူသတ်ဆေးရည်

  • ပါရာဂတ် ၂၅ အီးစီ ရေဖျော်မှိုသတ်ဆေးရည်သည် အပင်အတွင်း ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိပြီး မှိုရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း (၂)မျိုးလုံးအတွက် အသုံးပြုနိုင်သည့် မှိုသတ်ဆေးတစ်မျိုးဖြစ်သည်။
  • စပါး၊ မြေပဲ၊ ငှက်ပျော၊ သခွား၊ သခွားမွှေး၊ အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ဂန္ဓမာ၊ စပျစ်၊ ရှောက်သံပုရာနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်လေ့ရှိသော စပါးရွက်ဖုံးခြောက်ရောဂါ၊ ဒေါင်းနီးရွက်ခြောက်ရောဂါ၊ စောပင်နာကျရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ သံချေးရောဂါ နှင့် ရွက်ပြောက်ရောဂါများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ဗိုက်တာ ဒင်ဂ

(Emamectin Benzoate 5% WDG)

ထိသေ၊ စားသေ အာနိသင်ရှိ ရေဖျော် ပိုးသတ်ဆေးခဲ

  • ဗိုက်တာဒင်ဂ ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိပြီး လိပ်ပြာ၊ ဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။
  • အရွက်၏ တစ်သျှူးများအတွင်း ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိသော ပိုးသတ်ဆေးဖြစ်သည်။
  • ပိုးလောက်ကောင်များသည် ဆေးဖျန်းထားသော သီးနှံပင်များကို စားမိပါက နာရီပိုင်းအတွင်း အစာစားခြင်း ရပ်တန့်ကာ၊ အကြောသေခြင်းကို ဖြစ်စေပြီး(၂-၄)ရက်အတွင်း သေစေနိုင်သည်။
  • စပါး၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ မုန်လာ၊ ဝါ၊ ရှောက်၊ သံပုရာ၊ ပြောင်း၊ ပန်းမာန်များနှင့် ဟင်းသီးဟင်းရွက်များတွင် ကျရောက် ဖျက်ဆီးတတ်သော ငမြှောင်တောင်၊ ပင်ဖြတ်ပိုး၊ သီးလုံးဖောက်ပိုး၊ ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်စားပိုး၊  ထွာကောင်စိမ်း နှင့် စိန်ကွက်ဖလံ စသည့် ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ပိုင်မီရမ် ၆၀ ဒဗလျူဂျီ

( Pyraclostrobin 5% + Metiram 55% WG )

ရေဖျော်မှိုသတ်ဆေးခဲ

  • ပိုင်မီရမ် ၆၀ ဒဗလျူဂျီ ရေဖျော်မှိုသတ်ဆေးခဲသည်  မှိုရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း(၂)မျိုးလုံး အသုံးပြုနိုင်သည် မှိုသတ်ဆေးဖြစ်သည်။
  • ပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ငရုတ် သီးနှံများတွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ အသီးပုပ်ရောဂါ၊ သခွား၊ သခွားမွှေး တွင် ကျရောက်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊ အာလူး၊ ခရမ်းချဉ် သီးနှံများတွင် ကျရောက်သော စောပင်နာကျရောဂါ၊ နှောင်းပင်နာကျ(လောင်မဲ)ရောဂါ စသည့် ရောဂါများကို ကောင်းစွာ ကာကွယ် ကုသနှိမ်နင်းနိုင်ပါသည်။