ဗိုက်တာ အေဖန်

Difenoconazole + Azoxystrobin 26 % SC

ရေဖျော်မှိုသတ်ဆေး

  • ဗိုက်တာ‌အေဖန်၂၆%အက်(စ်)စီသည် သီးနှံပင်အစိတ်အပိုင်းများအတွင်းသို့ ထိုးဖောက်စိမ့်ဝင်မှု အားကောင်းပြီး မှိုရောဂါအများအပြားကို ကာကွယ်ကုသနိုင်သည့် ပင်လုံးပျံ့အာနိသင်ရှိသော မှိုရောဂါသတ်ဆေးဖြစ်သည်။
  • Triazoleနှင့်Methoxyacrylate ဆေးအုပ်စုနှစ်ခုကို ပေါင်းစပ်ထုတ်လုပ်ထားသော မှိုရောဂါသတ်ဆေး ဖြစ်သဖြင့် အခြားမှိုရောဂါသတ်ဆေးများဖြင့် မနှိမ်နင်းနိုင်သော မှိုရောဂါများကို အမြစ်ပြတ်နှိမ်နင်းနိုင်သည်။
  • သီးနှံပင်အများစုတွင် ဖြစ်တတ်သော အမြစ်ပုပ်၊ ပင်ခြေပုပ်နှင့် ခါးရိရောဂါတို့ကို ကာကွယ်ကုသရန်အတွက် အထူးကောင်းမွန်သည့် မှိုသတ်ဆေးဖြစ်သည်။
  • သခွား၊ ဖရဲ၊ စပျစ်စသည့် သီးနှံတို့တွင် ကျရောက်တတ်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊ ခရမ်းချဉ်၊ အာလူးတို့တွင်ကျရောက်တတ်သော စောပင်နာကျနှင့် နှောင်းပင်နာကျရောဂါတို့ကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။