တော့ပ်ကေလာ

Pymetrozine 25% SC

ထိသေ၊ စားသေ ပင်လုံးပြန့်ပိုးသတ်ဆေး

  • တော့ပ်ကေလာ ပိုးသတ်ဆေးသည် Pymetrozine 25% ပါဝင်သော ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေး ဖြစ်သည်။
  • စပါး၊ ဝါ၊ သခွား၊ ဂေါ်ဖီ၊ ပဲမျိုးစုံ နှင့် ခရမ်းချဉ် စသည့် သီးနှံများတွင် ကျရောက်သော ယင်ဖြူ၊ ပျ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း စသည့် စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • သီးနှံစိုက်ခင်းများတွင် ရေ ၂၀လီတာဝင် ဆေးဖျန်း ၁ပုံးလျှင် ဆေးဖျော်ရည်(၂၀ – ၄၀)စီစီ ရောစပ် အသုံးပြုပါ။

ကလိုဖန်ဆု

Chlorfenapyr 10%

ထိသေ၊ စားသေ ပိုးသတ်ဆေး

  • ကလိုဖန်ဆု ပိုးသတ်ဆေးသည် Chlorfenapyr 10% ပါဝင်သော ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေး ဖြစ်သည်။
  • အာလူး၊ ငရုတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ဝါ၊ ရှောက်၊ သံပုရာ၊ နှင်းဆီနှင့် စပျစ် စသည့် သီးနှံများတွင် ကျရောက်လေ့ရှိသော ပျ၊ လှေး၊ မွှားပင့်ကူနီနှင့် စိန်ကွက်ဖလံ အစရှိသော ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။
  • သီးနှံစိုက်ခင်းများတွင် ရေ၂၀လီတာဝင် ဆေးဖျန်း ၁ပုံးလျှင် ဆေးဖျော်ရည် (၅၀ – ၉၀)စီစီ ရောစပ် အသုံးပြုပါ။

ဗိုက်တာကောင်းစံ

Bacillus thuringiensis 16000 IU/mg

အစာအဆိပ်သင့် ပိုးသတ်ဆေး

  • ဗိုက်တာကောင်းစံ ပိုးသတ်ဆေးသည် အစာအဆိပ်သင့်စေသာ ပိုးသတ်ဆေးဖြစ်သည်။
  • ဖျက်ပိုးများကို နှိမ်နင်းရာတွင် အလွန်ထိရောက်မှုရှိသော အစွမ်းထက် ပိုးသတ်ဆေးဖြစ်သည်။
  • လိပ်ပြာ၊ ဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးနှိမ်နင်းနိုင်သည်။
  • ဖျက်ပိုးများ၏ဆဲလ်များကို ပျက်ဆီးစေပြီး အစာစားခြင်းရပ်တန့်ကာ ဖျက်ပိုးကို သေကြေပျက်ဆီးစေသည်။

ဗိုက်တာ နပ်

Dinotefuran 20% WDG

ပင်လုံးပျံ့ အာနိသင်ရှိ ပိုးသတ်ဆေး

  • အရွက်နှင့် အမြစ်တို့မှ စုပ်ယူနိုင်ပြီး အပင်တွင်း ပျံ့နှံ့မှုအားကောင်းသော ပိုးသတ်ဆေးဖြစ်သည်။
  • စပါး၊ မြေပဲ၊ ပဲမျိုးစုံ၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ အာလူးနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် သုံးစွဲနိုင်သည်။
  • စပါးတွင် ကျရောက်ဖျက်ဆီးသော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ နှံစုပ်ဂျပိုးနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်တက်သော ယင်ဖြူ၊ လှေး၊ ပျစသည့် စုပ်စားပိုးများကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။

ဗိုက်တာ ဖိုက်တာ

Abamectin 1% + Acetamiprid 3% EC

ရေဖျော်ပိုးသတ်ဆေး

  • ထိသေ၊ စားသေနှင့် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
  • အပင်တွင်း စိမ့်ဝင်ပျံ့နှံ့အားကောင်းပြီး ဖျက်ပိုးများကို နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။
  • အာလူး၊ ပဲမျိုးစုံ၊ မြေပဲ၊ ခရမ်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ငရုတ်၊ ပန်းစိုက်ခင်းများနှင့် အခြားဟင်းသီးဟင်းရွက်များတွင် အသုံးပြုနိုင်သည်။
  • ရွက်လိပ်ရွက်ကပ်ပိုး၊ နှံစုပ်ဂျပိုး၊ လှေး၊ ပျ၊ စိန်ကွက်ဖလံ၊ ရွက်ထွင်းပိုးစသည့် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။