ဗိုက်တာ ရှယ်ဝမ်း

Clothianidin 10% + Pymetrozine 40% WP

ပင်လုံးပြန့်အာနိသင်ရှိရေဖျော်ပိုးသတ်ဆေးမှုန့်

  • ဗိုက်တာ ရှယ်ဝမ်း ပိုးသတ်ဆေးသည် ပင်လုံးပြန့် အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးဖြစ်သည်။
  • ပဲအမျိုးမျိုး၊ စပါး၊ အာလူး၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပြောင်း၊ ဝါ စသည့်သီးနှံများတွင် အသုံးပြုနိုင်သည်။
  • ပဲအမျိုးမျိုး၊ အာလူး၊ ခရမ်းချဉ် စိုက်ခင်းများတွင် ကျရောက်လေ့ရှိသော ယင်ဖြူ၊ ပျ နှင့် စပါး စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးလေ့ရှိသော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူ စသည့် ဖျက်ပိုးများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ဗိုက်တာ စပိုး

Beauveria Bassiana------------------------15 billion spore/g

ရေဖျော်ဇီဝပိုးသတ်ဆေးရည်

  • ဗိုက်တာ စပိုး ရေဖျော်ဇီဝပိုးသတ်ဆေးသည် ဖျက်ပိုးများ၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိပါက ရောဂါဖြစ်စေပြီး သေစေနိုင်သည့် အာနိသင်ရှိသည်။
  • ပဲမျိုးစုံ၊ စပါး၊ ခရမ်း၊ ရုံးပတီ၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီနှင့် မုန်လာ စသည့် သီးနှံများတွင် အသုံးပြုနိုင်သည်။
  • ငမြှောင်တောင်၊ ပွင့်ထွေးရွက်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ယင်ဖြူ၊ ပျ၊ လှေး၊ စိန်ကွက်ဖလံ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ရွက်စားခူ စသည့် ဖျက်ပိုးများကို နှိမ်နင်းနိုင်သည်။

ဗိုက်တာကောင်းမြန်

Matrine 0.5% SL

ထိသေ ၊ စားသေပိုးသတ်ဆေး

  • ဗိုက်တာကောင်းမြန် ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
  • စပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဝါ၊ ရှောက်၊ သံပုရာ၊ အာလူး၊ ငရုတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
  • ပျ၊ မွှားပင့်ကူနီ၊ သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ငမြှောင်တောင်၊ ရွက်ထွင်းပိုး စသည့် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရာတွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
  • ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၆၀-၉၀)စီစီ ရောစပ်ပက်ဖျန်း အသုံးပြုနိုင်သည်။

တီနော့ဆု

Thiamethoxam 21%SC

ဆိုင်းတွဲဆေးရည်ပြင်း

  • တီနော့ဆု ပိုးသတ်ဆေး သည် Neonicotinoid ပိုးသတ်ဆေးအုပ်စုဝင်ဖြစ်သည်။
  • သီးနှံမျိုးစုံတွင် ကျရောက်သော ပျ၊ ယင်ဖြူ၊ ဖြုတ်၊ လှေးနှင့် နှံစုပ်ဂျပိုး စသည့် စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည် (၅-၁၅)စီစီနှုန်းဖြင့် ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။

ဗိုက်တာ ဖူဂျီ .၁

Abamectin 0.1% + Imidacloprid 1.7% WP

ထိသေ၊ စားသေနှင့်ပင်လုံးပျံ့ အာနိသင်ရှိပိုးသတ်ဆေးမှုန့်

  • ထိသေ၊ စားသေနှင့် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
  • အပင်တွင်း စိမ့်ဝင်ပျံ့နှံ့နိုင်မှုကောင်းပြီး ဖျက်ပိုးကို နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။
  • ပျ၊ လှေး၊ ယင်ဖြူ၊ ဖြုတ်ညို၊ ဖြုတ်စိမ်းစသည့် စုပ်စားပိုးများနှင့် သီးထိုးပိုး၊ စိန်ကွက်ဖ လံ၊ ငမြှောင်တောင်၊ ရွက်ထွင်းပိုးအစရှိသော သီးနှံဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင် သည်။
  • ပဲတောင့်ရှည်၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ငရုတ်၊ ကြက်သွန်နီ၊ ဝါနှင့် ပန်းစိုက်ခင်းများ သစ်သီးခြံများတွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
  • သီးနှံစိုက်ခင်းများတွင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၃၀-၄၀)ဂရမ်နှုန်း ဖြင့် ရောစပ်အသုံးပြုနိုင်သည်။