ခရော့-ဖီနိုက်(စ်)

Dinotefuran 20% SG

ရေဖျော်ပိုးသတ်ဆေးခဲ

  • Neonicotinoid အုပ်စုဝင် ထိသေ၊ စားသေနှင့် ပင်လုံးပျံ့ပိုးသတ်ဆေးဖြစ်သည်။
  • အရွက်နှင့်အမြစ်တို့မှ စုပ်ယူနိုင်ပြီး ပင်တွင်းပျံ့နှံ့နိုင်မှု အားကောင်းသည်။
  • နှံစုပ်ဂျပိုး၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ လှေး၊ ပျနှင့် ယင်ဖြူအစရှိသော စုပ်စားပိုးများကို နှိမ်နင်းနိုင်သည်။
  • မီလီဂျပိုး၊ ရွက်ထွင်းပိုး၊ စပါးရွက်လိပ်ပိုး၊ လှေးကျိုင်းတို့ကို နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်သည်။
  • စပါး၊ ပဲမျိုးစုံ၊ မြေပဲ၊ ငရုတ်၊ ခရမ်း၊ ခရမ်းချဉ်၊ သခွားမွှေး၊ ဖရဲ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ နှင့် အခြားသစ်သီးခြံများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
  • သီးနှံစိုက်ခင်းများတွင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည်(၁၀-၂၀)ဂရမ် ဖြင့် ရောစပ်အသုံးပြုနိုင်သည်။

ဖိုသီဆု

Fosthiazate 10%

မြေတွင်းအောင်းပိုးနှင့် နီမတုတ်သတ်ဆေး

  • ဖိုသီဆု ဆေးသည် စပါး၊ ခရမ်းချဥ်၊ အာလူး၊ ငှက်ပျောစိုက်ခင်း များတွင် ကျရောက်သော မြစ်ဖု နီမတုတ်များကို နှိမ်နင်းနိုင်သည်။
  • ဖိုသီစု မြေတွင်းအောင်းပိုးနှင့် နီမတုတ်သတ်ဆေးကို သီးနှံမစိုက်ပျိုးမီအချိန်တွင် မြေကြီးအတွင်း (၁၀-၁၅)စင်တီမီတာ အနက်သို့ တိုက်ရိုက်ထည့်သွင်း အသုံးပြုပါ။
  • သီးနှံတစ်ရာသီလျှင် တစ်ကြိမ်နှုန်း အသုံးပြုပါ။

ခရော့ – စကေလာ

Thiamethoxam 25% WDG

ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေး

  • Neonicotinoid ပိုးသတ်ဆေးအုပ်စုဝင်ဖြစ်သည်။
  • သီးနှံမျိုးစုံတွင် ကျရောက်သော ပျ၊ ယင်ဖြူ၊ ဖြုတ်၊ လှေး၊ ရွက်ထွင်းပိုး၊ အကြေးပိုး၊ မီလီဂျပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။
  • မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးပြု၍ မြေအောင်းပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။

ဗိုက်တာနမ်ချပ်ကူ

Emamectin Benzoate + Cypermethrin 3.2 % ME

ထိသေ၊စားသေ အာနိသင်ရှိ ပိုးသတ်ဆေး

  • ထိသေ၊စားသေ အာနိသင်ရှိပြီး အရွက်၏ တစ်သျှူးအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့မှုအားကောင်းသည်။
  • စပါး၊ အာလူး၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ သခွား၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံတို့တွင် သုံးစွဲနိုင်သည်။
  • ရွက်ထွင်းပိုး၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ စိန်ကွက်ဖလံစသည့်ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။