မီတာ

Metaldehyde 6% GR

ထိသေ၊ စားသေ ပိုးသတ်ဆေးခဲ

  • ထိသေ၊ စားသေအာနိသင်ရှိသည်။
  • စပါးသီးနှံတွင် ဆိုးရွားစွာ ဖျက်ဆီးသော ရွှေခရုကို နှိမ်နင်းရန် အသုံးပြုနိုင်သည်။
  • ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သော ခရုနှင့် ပက်ကျိ များကို နှိမ်နင်းနိုင်သည်။
  • သီးနှံ(၁)ဧကလျှင် (၂.၅-၃)ကီလိုနှုန်း အသုံးပြုနိုင်သည်။

အန်ဒါ ခရိ

Monopotassium phosphate (0-52-34) P2O5 - 52% : K2O - 34 %

ရွက်ဖျန်းမြေဩဇာ

  • အစာချက်လုပ်မှု ကောင်းမွန်ခြင်း။
  • ပင်စည်တောင့်တင်း ခိုင်မာခြင်း။
  • အမြစ်ဖွံ့ဖြိုးမှု အားကောင်းစေခြင်း။
  • ပိုးမွှားရောဂါဒဏ်၊ ရေငတ်ဒဏ်ခံနိုင်ခြင်း။
  • ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၅၀-၁၀၀)ဂရမ်နှုန်းဖြင့် ဖျော်စပ် ပက်ဖျန်းနိုင်သည်။

ဒါမီ

Azoxystrobin 20 % + Difenoconazole 12.5 % SC

ပင်လုံးပျံ့အာနိသင်ရှိရေဖျော်မှိုသတ်ဆေး

  • အပင်တွင်းစိမ့်ဝင်အားကောင်းပြီး ပင်လုံးပျံ့အာနိသင်ရှိ မှိုသတ်ဆေးဖြစ်သည်။
  • သီးနှံပင်များပေါ်တွင်ကျရောက်သောမှိုရောဂါများမျိုးပွားခြင်းနှင့်မှိုမျှင်ကြီးထွားခြင်းတို့ကို ဟန့်တားထိန်းချုပ်နိုင်သော မှိုသတ်ဆေးဖြစ်သည်။
  • မှိုရောဂါအများစုကို အချိန်ကြာမြင့်စွာ ကာကွယ်ကုသမှု ပေးနိုင်သည့် အစွမ်းရှိသည်။

ဗိုက်တာ ကောင်းရင်

Bacillus thuringiensis 8000 IU/µl

အစာအိမ်အဆိပ်သင့် ပိုးသတ်ဆေး

  • ဗိုက်တာကောင်းရင် ပိုးသတ်ဆေးသည် အစာအိမ် အဆိပ်သင့်စေသော ပိုးသတ်ဆေးဖြစ်သည်။
  • လိပ်ပြာဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးနှိမ်နင်းနိုင်သည်။
  • ဖျက်ပိုးများ၏ဆဲလ်များကို ပျက်ဆီးစေပြီး အစာစားခြင်းရပ်တန့်ကာ ဖျက်ပိုးကို သေကြေပျက်ဆီး စေပါသည်။

ဗိုက်တာ တိုက်ဂါး

Nitenpyram 5 % + Buprofezin 10 % WP

  • အပင်တွင်း စိမ့်ဝင်မှုအားကောင်းသော ထိသေ၊ စားသေနှင့် ပင်လုံးပျံ့အာနိသင်ရှိသည့် ပိုးသတ်ဆေး တစ်မျိုးဖြစ်သည်။
  • စပါးစိုက်ခင်းများတွင် ကျရောက်သော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူ စသည့်ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန်အတွက် ဗိုက်တာတိုက်ဂါးဆေးကို ရေ(၂၀)လီတာလျှင် (၇၀-၁၀၀) ဂရမ်နှုန်း ဖျော်စပ် အသုံးပြုပါ။
  • ပဲမျိုးစုံ၊ ဝါ၊ ဖရဲ၊ သခွား၊ ခရမ်းချဉ်၊ ငရုတ်၊ ရှောက်သံပုရာ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် အလှစိုက်ပန်းပင်များတွင် ကျရောက်ဖျက်ဆီးတတ်သော မီလီဂျပိုး၊ ပျ၊ ယင်ဖြူ၊ လှေးစသည့် ဖျက်ပိုးများကိုလည်း နှိမ်နင်းနိုင်သည်။