ဗိုက်တာ ရိန်းဂျား ၅၀ အီးစီ

Difenoconazole 25% + Propiconazole 25 %

မှိုသတ်ဆေးရည်

  • ဗိုက်တာရိန်းဂျား၅၀အီးစီ ရေဖျော်မှိုသတ်ဆေးရည်သည် ဆေးအာနိသင်နှစ်မျိုး ပေါင်းစပ်ထားခြင်းကြောင့် မှိုရောဂါများကို ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်ပါသည်။
  • မတ်ပဲ၊ပဲတီစိမ်း၊မြေပဲ၊ပဲတိုင်ထောင်၊စပါး၊ငရုတ်နှင့် ကြက်သွန်နီ၊ကြက်သွန်ဖြူ စသည့် သီးနှံများတွင် ပက်ဖျန်းအသုံးပြုနိုင်ပါသည်။
  • မတ်ပဲ၊ ပဲတီစိမ်း၊ ပဲတိုင်ထောင် သီးနှံများတွင် ကျရောက်သော သံချေး၊ ဖားဥမှိုရောဂါ စပါးတွင် ကျရောက်သော ရွက်ဖုံးခြောက်ရောဂါငရုတ် သီးနှံတွင်ကျရောက်သော မှဲ့ပြောက်စွန်းရောဂါနှင့် ကြက်သွန်နီ/ဖြူ တွင်ကျရောက်သော တောက်တဲ့မြီးရောဂါ စသည့်ရောဂါများကို ကာကွယ်နှိမ်နင်း နိုင်ပါသည်။

ထရိုင်ဆု ၇၅ %ဒဗလျူဒီဂျီ

Trifloxystrobin 25% + Tebuconazole 50% WDG

ပင်လုံးပြန့် မှိုသတ်ဆေး

  • ထရိုင်ဆု၇၅% ဒဗလျူဒီဂျီ မှိုသတ်ဆေးသည် အပင်အတွင်းစိမ့်၀င်မှု အားကောင်းသည့် ပင်လုံးပြန့် မှိုသတ်ဆေးဖြစ်သည်။
  • မတ်ပဲ၊ ပဲတီစိမ်း၊ ခရမ်းချဥ်၊ အာလူး၊ သခွား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂန္ဓမာပန်း စသည်တို့တွင် အသုံးပြုနိုင်သည်။
  • ထရိုင်ဆု၇၅% ဒဗလျူဒီဂျီ ပင်လုံးပြန့် မှိုသတ်ဆေးသည် မတ်ပဲ၊ ပဲတီစိမ်း၊ သခွား စသည့် သီးနှံများတွင် ကျရောက်သော ဖားဥမှိုရောဂါ၊ သံချေးရောဂါ ခရမ်းချဥ်၊ အာလူးသီးနှံများတွင် ကျရောသော စောပင်နာကျ နှင့် ရွက်ပြောက် စသည့်‌ရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။

အန်ဒါ ဒိုလို

Ca & Mg

ရွက်ဖျန်းမြေဩဇာ

  • အမြစ်ဖွံ့ဖြိုးမှု အားကောင်းခြင်း။
  • ပန်းပွင့်နှုန်း၊ အသီးသီးနှုန်း မြင့်မားခြင်း။
  • အရည်အသွေးပြည့်မီသော အစေ့အဆံများကို ရရှိနိုင်ခြင်း။
  • ရာသီဉတုနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်ခြင်း။
  • အထွက်နှုန်း မြင့်မားစွာတိုးခြင်း။

ဗိုက်တာ ဝမ်း

NPK-20:10:30+TE

ရွက်ဖျန်းမြေသြဇာ

  • အပင်တောင့်တင်း ခိုင်မာ၍ အပင်မယိုင်လဲခြင်း။
  • ရာသီဥတုဆိုးရွားဒဏ်နှင့် ရောဂါဒဏ် ခံနိုင်ခြင်း။
  • အကိုင်းအခက်များခြင်း၊ အသီးအပွင့်များခြင်း နှင့် အစေ့အဆံများ ကောင်းစွာအောင်မြင်စေခြင်း။
  • အစေ့အလေးချိန်စီးပြီး အရည်အသွေး တိုးတက်ကောင်းမွန်စေခြင်း။
  • အထွက်နှုန်းကို သိသိသာသာတိုးတက်ကောင်းမွန်စေခြင်း။