ဖိုသီဆု

Fosthiazate 10%

မြေတွင်းအောင်းပိုးနှင့် နီမတုတ်သတ်ဆေး

  • ဖိုသီဆု ဆေးသည် စပါး၊ ခရမ်းချဥ်၊ အာလူး၊ ငှက်ပျောစိုက်ခင်း များတွင် ကျရောက်သော မြစ်ဖု နီမတုတ်များကို နှိမ်နင်းနိုင်သည်။
  • ဖိုသီစု မြေတွင်းအောင်းပိုးနှင့် နီမတုတ်သတ်ဆေးကို သီးနှံမစိုက်ပျိုးမီအချိန်တွင် မြေကြီးအတွင်း (၁၀-၁၅)စင်တီမီတာ အနက်သို့ တိုက်ရိုက်ထည့်သွင်း အသုံးပြုပါ။
  • သီးနှံတစ်ရာသီလျှင် တစ်ကြိမ်နှုန်း အသုံးပြုပါ။

ခရော့ – စကေလာ

Thiamethoxam 25% WDG

ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေး

  • Neonicotinoid ပိုးသတ်ဆေးအုပ်စုဝင်ဖြစ်သည်။
  • သီးနှံမျိုးစုံတွင် ကျရောက်သော ပျ၊ ယင်ဖြူ၊ ဖြုတ်၊ လှေး၊ ရွက်ထွင်းပိုး၊ အကြေးပိုး၊ မီလီဂျပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။
  • မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးပြု၍ မြေအောင်းပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။

ဗိုက်တာနမ်ချပ်ကူ

Emamectin Benzoate + Cypermethrin 3.2 % ME

ထိသေ၊စားသေ အာနိသင်ရှိ ပိုးသတ်ဆေး

  • ထိသေ၊စားသေ အာနိသင်ရှိပြီး အရွက်၏ တစ်သျှူးအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့မှုအားကောင်းသည်။
  • စပါး၊ အာလူး၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ သခွား၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံတို့တွင် သုံးစွဲနိုင်သည်။
  • ရွက်ထွင်းပိုး၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ စိန်ကွက်ဖလံစသည့်ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။

စီအာ-ဆဲဗင်း

Triacontanol 0.1 ME

အပင်ကြီးထွားသီးပွင့်ဟော်မုန်းဆေး

  • အပင်အစာချက်လုပ်မှု အားကောင်းပြီး အပင်ကြီးထွားမှုကိုများစွာ အထောက်အကူပြုသည်။
  • အပွင့်ပွင့်နှုန်းအားကောင်းခြင်း၊ ပင်ပွားနှုန်းများခြင်း၊ အကိုင်းအခက်များခြင်းတို့ ဖြစ်ပေါ်စေရန် အားပေးလှုံ့ဆော်သည်။
  • အရွက်၊ အဖူးအပွင့်နှင့် အသီးကြွေကျမှု လျော့နည်းစေသည်။
  • အပင်အာဟာရစုပ်ယူမှု ကောင်းစေရန်အတွက် အားပေးလှုံ့ဆော်သော အပင်ဟော်မုန်းဆေးဖြစ်သည်။

ဘီအန်အက်(စ်) မီဆိုအထွာ

Atrazine 80.8% + Mesotrione 8% WDG

ရွေးချယ်ပေါင်းသတ်ဆေး

  • ဘီအန်အက်(စ်) မီဆိုအထွာ ပေါင်းသတ်ဆေးသည် ‌ရွေးချယ်အာနိသင်ရှိ ရေဖျော်ဆေးခဲ ပေါင်းသတ်ဆေးဖြစ်သည်။
  • ပြောင်းစိုက်ခင်းများတွင် ပေါက်ရောက်လေ့ရှိသော တစ်နှစ်ခံမြက်များနှင့် ရွက်ပြန့်ပေါင်းများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • ပြောင်းသီးနှံ စိုက်ပြီး (၁၀)ရက်ထက် နောက်မကျမီ ပက်ဖျန်း အသုံးပြုပါ။
  • ဘီအန်အက်(စ်) မီဆိုအထွာ ပေါင်းသတ်ဆေးကို ပြောင်းစိုက်ခင်းများတွင် ပေါက်ရောက်သော တစ်နှစ်ခံမြက်နှင့် ရွက်ပြန့်ပေါင်းများကို ကာကွယ်နှိမ်နင်းရန် ရေ(၁၆)လီတာတွင် (၁၀၀-၁၅၀)ဂရမ် နှုန်းဖြင့် ဖျော်စပ် ပက်ဖျန်းအသုံးပြုနိုင်သည်။