အဆာဆင်း

Thiamethoxam 30 % SC

ပင်လုံးပျံ့ ပိုးသတ်ဆေး

  • Neonicotinoid အုပ်စုဝင် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
  • အဓိကအားဖြင့် ဖြုတ်ညို၊ ဖြုတ်စိမ်း၊ နှံစုပ်ဂျပိုး၊ ပျ၊ ယင်ဖြူ၊ လှေးစသည့် စုပ်စားပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။
  • စပါး၊ ဝါ၊ အားလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ဖရဲ၊ သခွားမွှေး၊ ပဲမျိုးစုံ၊ မြေပဲနှင့် နှမ်းစသည့် သီးနှံများတွင် အသုံးပြုနိုင်သည်။

ဒင်ဂ

Emamectin Benzoate 5 % WDG

ထိသေ၊ စားသေ ပိုးသတ်ဆေးခဲ

  • အရွက်၏တစ်သျှူးများအတွင်းသို့ ထိုးဖောက်စိမ့်ဝင်နိုင်သော အစွမ်းထက်သည့် ပိုးသတ်ဆေး တစ်မျိုးဖြစ်သည်။
  • စပါး၊ ပဲမျိုးစုံ၊ ဂေါ်ဖီ၊ ခရမ်း၊ ခရမ်းချဉ်နှင့် ဟင်းသီးဟင်းရွက်စသည့် သီးနှံတို့တွင် သုံးစွဲနိုင်သည်။
  • ငမြှောင်တောင်၊ သီးလုံးဖောက်ပိုး၊ ပွင့်ထွေးပိုး၊ စိန်ကွက်ဖလံစသည့် ဖျက်ပိုးများစွာကိုထိရောက်စွာ နှိမ်နင်းနိုင်သည်။
  • လိပ်ပြာ၊ ဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးနှိမ်နင်းနိုင်သည်။

ဖို့

(Ca & Mg) Ca – 6%, Mg – 2%, Zn – 0.1%, B – 0.1%,

ရွက်ဖျန်းမြေဩဇာ

  • ပန်းပွင့်နှုန်း၊ အသီးသီးနှုန်းမြင့်မားခြင်း။
  • ပင်စည်တောင့်တင်း ခိုင်မာခြင်း။
  • အမြစ်ဖွံ့ဖြိုးမှု အားကောင်းခြင်း။
  • အသီး၊ အရွက်များ ပုံသဏ္ဍာန်မမှန်ခြင်းမှ ကာကွယ်ပေးခြင်း။

အာဂျေ-၃

B – 5% : Zn – 4% : Mo – 1%

ရွက်ဖျန်းမြေဩဇာ

  • သီးနှံပင်များ ဝတ်မှုန်ကူးအားကောင်းပြီး အသီးတင်မှုများစေရန်အတွက် လုပ်ဆောင်ပေးသည်။
  • ကလိုရိုဖီးလ်ဖြစ်ပေါ်မှုကို အားပေးခြင်း၊ ဆဲလ်ကွဲပွားခြင်းနှင့် အပင်မှနိုက်ထရိုဂျင် ပိုမိုရရှိစေရန် စွမ်းဆောင်ပေးခြင်းတို့အတွက် များစွာအထောက်အကူပြုသည်။
  • အစေ့၊ အဆံပြည့်ဝပြီး သီးနှံအထွက်နှုန်း တိုးစေသည်။
  • ပဲမျိုးစုံ၊ မြေပဲ၊ ငရုတ်၊ ခရမ်းချဉ်၊ ဖရဲ၊ သခွားမွှေး၊ ရှောက်၊ သံပုရာနှင့် အခြားဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
  • မတ်ပဲ၊ ပဲတီစိမ်းနှင့် အခြားပဲမျိုးစုံ စိုက်ခင်းများတွင် ပန်းပွင့်ချိန်မှ စ၍(၁၅)ရက်ခြား ၁ကြိမ် ပက်ဖျန်းပါ။
  • ရေ(၂၀)လီတာလျှင် အာဂျေ-၃ရွက်ဖျန်းမြေဩဇာ(၁၅-၂၀)ဂရမ်နှုန်း ဖျော်စပ်အသုံးပြုပါ။