- ဗိုက်တာဟဲလ်မက် ၅% အမ်အီး မှိုသတ်ဆေးသည် ပင်လုံးပျံ့အာနိသင်ရှိသည်။
- သီးနှံပင်များပေါ်တွင် ကျရောက်သော မှိုရောဂါများကို ကာကွယ်ရာတွင်လည်းကောင်း၊ ကုသရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။
- Triazole အုပ်စုဝင် မှိုရောဂါသတ်ဆေးဖြစ်ပြီး သီးပုပ်ရောဂါ၊ သံချေးရောဂါ၊ ဖားဥမှို ရောဂါ၊ မြေပဲရွက်ပြောက်ရောဂါတို့ကို ကြိုတင်ကာကွယ်ခြင်းဖြင့်လည်းကောင်း၊ ကုသခြင်းဖြင့်လည်းကောင်း ပက်ဖျန်းအသုံးပြုနိုင်သည်။
- ဗိုက်တာစတား ၂၅ အက်(စ်)စီ မှိုသတ်ဆေးရည်သည် ကာကွယ်မှုနှင့် ကုသမှု နှစ်မျိုးလုံး အသုံးပြုနိုင်သည့် မှိုသတ်ဆေး ဖြစ်သည်။
- ဗိုက်တာစတား ၂၅ အက်(စ်)စီ မှိုသတ်ဆေးရည်သည် အစွမ်းရှိ မှိုသတ်ဆေး နှစ်မျိုးကို ပေါင်းစပ်ထားသည့်အတွက် စပါး၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ကြက်သွန်စသည့် သီးနှံများတွင် ကျရောက်လေ့ရှိသော မှိုရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- စပါးသီးနှံများတွင် ကျရောက်သော ရွက်ဖုံးခြောက်ရောဂါ၊ မြေပဲတွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ကြက်သွန်သီးနှံများတွင် ကျရောက်သော တောက်တဲ့မြီးရောဂါ၊ ခရမ်းချဉ်သီးနှံတွင် ကျရောက်သော စောပင်နာရောဂါများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
- ဗိုက်တာအေဖန်၂၆%အက်(စ်)စီသည် သီးနှံပင်အစိတ်အပိုင်းများအတွင်းသို့ ထိုးဖောက်စိမ့်ဝင်မှု အားကောင်းပြီး မှိုရောဂါအများအပြားကို ကာကွယ်ကုသနိုင်သည့် ပင်လုံးပျံ့အာနိသင်ရှိသော မှိုရောဂါသတ်ဆေးဖြစ်သည်။
- Triazoleနှင့်Methoxyacrylate ဆေးအုပ်စုနှစ်ခုကို ပေါင်းစပ်ထုတ်လုပ်ထားသော မှိုရောဂါသတ်ဆေး ဖြစ်သဖြင့် အခြားမှိုရောဂါသတ်ဆေးများဖြင့် မနှိမ်နင်းနိုင်သော မှိုရောဂါများကို အမြစ်ပြတ်နှိမ်နင်းနိုင်သည်။
- သီးနှံပင်အများစုတွင် ဖြစ်တတ်သော အမြစ်ပုပ်၊ ပင်ခြေပုပ်နှင့် ခါးရိရောဂါတို့ကို ကာကွယ်ကုသရန်အတွက် အထူးကောင်းမွန်သည့် မှိုသတ်ဆေးဖြစ်သည်။
- သခွား၊ ဖရဲ၊ စပျစ်စသည့် သီးနှံတို့တွင် ကျရောက်တတ်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊ ခရမ်းချဉ်၊ အာလူးတို့တွင်ကျရောက်တတ်သော စောပင်နာကျနှင့် နှောင်းပင်နာကျရောဂါတို့ကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။