ဂျီဂျီ – ၂၀

NPK (20-20-20)

ရွက်ဖျန်းမြေဩဇာ

  • အပင်ဖွံ့ဖြိုးမှုကို ကြီးထွားမှုအဆင့်အလိုက် ညီမျှစေသည်။
  • အာဟာရချို့တဲ့မှုကြောင့်ဖြစ်သော အပင်၊ အပွင့်၊ အသီးတို့ပုံသဏ္ဍာန်မမှန်ခြင်း၊ အရောင်အသွေး မမှန်ခြင်းများကို ကာကွယ်နိုင်သည်။
  • အပွင့်၊ အသီးအားကောင်း၍ အထွက်နှုန်းတိုးစေသည်။
  • အစေ့၊ အဆံအရည်အသွေး ပြည့်မီစေရန် အထောက်အကူပြုသည်။

ဗိုက်တာကောင်းစံ

Bacillus thuringiensis 16000 IU/mg

အစာအဆိပ်သင့် ပိုးသတ်ဆေး

  • ဗိုက်တာကောင်းစံ ပိုးသတ်ဆေးသည် အစာအဆိပ်သင့်စေသာ ပိုးသတ်ဆေးဖြစ်သည်။
  • ဖျက်ပိုးများကို နှိမ်နင်းရာတွင် အလွန်ထိရောက်မှုရှိသော အစွမ်းထက် ပိုးသတ်ဆေးဖြစ်သည်။
  • လိပ်ပြာ၊ ဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးနှိမ်နင်းနိုင်သည်။
  • ဖျက်ပိုးများ၏ဆဲလ်များကို ပျက်ဆီးစေပြီး အစာစားခြင်းရပ်တန့်ကာ ဖျက်ပိုးကို သေကြေပျက်ဆီးစေသည်။

ဗိုက်တာ နပ်

Dinotefuran 20% WDG

ပင်လုံးပျံ့ အာနိသင်ရှိ ပိုးသတ်ဆေး

  • အရွက်နှင့် အမြစ်တို့မှ စုပ်ယူနိုင်ပြီး အပင်တွင်း ပျံ့နှံ့မှုအားကောင်းသော ပိုးသတ်ဆေးဖြစ်သည်။
  • စပါး၊ မြေပဲ၊ ပဲမျိုးစုံ၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ အာလူးနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် သုံးစွဲနိုင်သည်။
  • စပါးတွင် ကျရောက်ဖျက်ဆီးသော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ နှံစုပ်ဂျပိုးနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်တက်သော ယင်ဖြူ၊ လှေး၊ ပျစသည့် စုပ်စားပိုးများကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။

ဗိုက်တာ – စကေလာ

Thiamethoxam 25% WDG

ပင်လုံးပျံ့အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးခဲ

  • Neonicotinoid ပိုးသတ်ဆေးအုပ်စုဝင်ဖြစ်သည်။
  • သီးနှံမျိုးစုံတွင် ကျရောက်သော ပျ၊ ယင်ဖြူ၊ ဖြုတ်၊ လှေး၊ ရွက်ထွင်းပိုး၊ အကြေးပိုး၊ မီလီဂျပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။
  • မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးပြု၍ မြေအောင်းပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။

ဗိုက်တာနမ်ချပ်ကူ

Emamectin Benzoate + Cypermethrin 3.2 % ME

ထိသေ၊စားသေ အာနိသင်ရှိ ပိုးသတ်ဆေး

  • ထိသေ၊စားသေ အာနိသင်ရှိပြီး အရွက်၏ တစ်သျှူးအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့မှုအားကောင်းသည်။
  • စပါး၊ အာလူး၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ သခွား၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံတို့တွင် သုံးစွဲနိုင်သည်။
  • ရွက်ထွင်းပိုး၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ စိန်ကွက်ဖလံစသည့်ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။