- သီးနှံပင်များ၏ အမြစ်ဖွံ့ဖြိုးမှု၊ အကိုင်းအခက်နှင့် အညွှန့်ထွက်ပေါ်မှု၊ အသီးအပွင့် ကြီးထွားဖွံ့ဖြိုးမှုတို့အတွက် မျှတစွာ လုပ်ဆောင်ပေးသည်။
- ရေငတ်ဒဏ်နှင့် ရာသီဥတုပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိသည်။
- သီးနှံပင်၏ အပင်ပိုင်းကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး အသီးခူးဆွတ်ကာလ တာရှည် စေသည်။
- ထိသေ၊ စားသေနှင့် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
- အပင်တွင်း စိမ့်ဝင်ပျံ့နှံ့နိုင်မှုကောင်းပြီး ဖျက်ပိုးကို နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။
- ပျ၊ လှေး၊ ယင်ဖြူ၊ ဖြုတ်ညို၊ ဖြုတ်စိမ်းစသည့် စုပ်စားပိုးများနှင့် သီးထိုးပိုး၊ စိန်ကွက်ဖ လံ၊ ငမြှောင်တောင်၊ ရွက်ထွင်းပိုးအစရှိသော သီးနှံဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင် သည်။
- ပဲတောင့်ရှည်၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ငရုတ်၊ ကြက်သွန်နီ၊ ဝါနှင့် ပန်းစိုက်ခင်းများ သစ်သီးခြံများတွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
- သီးနှံစိုက်ခင်းများတွင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၃၀-၄၀)ဂရမ်နှုန်း ဖြင့် ရောစပ်အသုံးပြုနိုင်သည်။
- ဗိုက်တာစတား ၂၅ အက်(စ်)စီ မှိုသတ်ဆေးရည်သည် ကာကွယ်မှုနှင့် ကုသမှု နှစ်မျိုးလုံး အသုံးပြုနိုင်သည့် မှိုသတ်ဆေး ဖြစ်သည်။
- ဗိုက်တာစတား ၂၅ အက်(စ်)စီ မှိုသတ်ဆေးရည်သည် အစွမ်းရှိ မှိုသတ်ဆေး နှစ်မျိုးကို ပေါင်းစပ်ထားသည့်အတွက် စပါး၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ကြက်သွန်စသည့် သီးနှံများတွင် ကျရောက်လေ့ရှိသော မှိုရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- စပါးသီးနှံများတွင် ကျရောက်သော ရွက်ဖုံးခြောက်ရောဂါ၊ မြေပဲတွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ကြက်သွန်သီးနှံများတွင် ကျရောက်သော တောက်တဲ့မြီးရောဂါ၊ ခရမ်းချဉ်သီးနှံတွင် ကျရောက်သော စောပင်နာရောဂါများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
- တော့ပ်ကေလာ ပိုးသတ်ဆေးသည် Pymetrozine 25% ပါဝင်သော ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေး ဖြစ်သည်။
- စပါး၊ ဝါ၊ သခွား၊ ဂေါ်ဖီ၊ ပဲမျိုးစုံ နှင့် ခရမ်းချဉ် စသည့် သီးနှံများတွင် ကျရောက်သော ယင်ဖြူ၊ ပျ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း စသည့် စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- သီးနှံစိုက်ခင်းများတွင် ရေ ၂၀လီတာဝင် ဆေးဖျန်း ၁ပုံးလျှင် ဆေးဖျော်ရည်(၂၀ – ၄၀)စီစီ ရောစပ် အသုံးပြုပါ။
- ဗိုက်တာကလိုဖန် ပိုးသတ်ဆေးသည် Chlorfenapyr 10% ပါဝင်သော ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေး ဖြစ်သည်။
- အာလူး၊ ငရုတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ဝါ၊ ရှောက်၊ သံပုရာ၊ နှင်းဆီနှင့် စပျစ် စသည့် သီးနှံများတွင် ကျရောက်လေ့ရှိသော ပျ၊ လှေး၊ မွှားပင့်ကူနီနှင့် စိန်ကွက်ဖလံ အစရှိသော ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။
- သီးနှံစိုက်ခင်းများတွင် ရေ၂၀လီတာဝင် ဆေးဖျန်း ၁ပုံးလျှင် ဆေးဖျော်ရည် (၅၀ – ၉၀)စီစီ ရောစပ် အသုံးပြုပါ။