ဗိုက်တာ စပိုး

Beauveria Bassiana------------------------15 billion spore/g

ရေဖျော်ဇီဝပိုးသတ်ဆေးရည်

  • ဗိုက်တာ စပိုး ရေဖျော်ဇီဝပိုးသတ်ဆေးသည် ဖျက်ပိုးများ၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိပါက ရောဂါဖြစ်စေပြီး သေစေနိုင်သည့် အာနိသင်ရှိသည်။
  • ပဲမျိုးစုံ၊ စပါး၊ ခရမ်း၊ ရုံးပတီ၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီနှင့် မုန်လာ စသည့် သီးနှံများတွင် အသုံးပြုနိုင်သည်။
  • ငမြှောင်တောင်၊ ပွင့်ထွေးရွက်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ယင်ဖြူ၊ ပျ၊ လှေး၊ စိန်ကွက်ဖလံ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ရွက်စားခူ စသည့် ဖျက်ပိုးများကို နှိမ်နင်းနိုင်သည်။

အန်ဒါကိုးလ်

Fe – 4 %, Zn – 2 % , B – 3.5% , Mn – 0.5% , Cu – 0.07%, Mo – 0.02%

အနည်းလိုအဟာရ ရွက်ဖျန်းမြေဩဇာ

  • အဟာရချို့တဲ့မှုကို ကာကွယ်ပေးခြင်း။
  • အရွက်များ အဝါရောင်ဖြစ်ပေါ်နေမှာကို ကာကွယ်ပေးခြင်း။
  • အသီးပုံသဏ္ဍန်မမှန်ခြင်းမှ ကာကွယ်ပေးခြင်း။
  • အနာချိုင့်ရောဂါမှ ကာကွယ်ပေးခြင်း။
  • ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် (၅-၁၀)ဂရမ်နှုန်း ပက်ဖျန်းအသုံးပြုနိုင်သည်။

ဗိုက်တာ လိုတရ

(NPK-15:5:38+TE)

ရွက်ဖျန်းမြေဩဇာ

  • အမြစ်အားကောင်း၍ ရေနှင့် အာဟာရများကို အပင်မှ ပိုမိုရရှိစေသည်။
  • အဖူး ၊ အပွင့်များ၊ ကြီးထွားသန်မာပြီး အသီးတင်မှုကောင်းစေသည်။
  • အပွင့်၊ အသီးနှင့် ဥကြီးထွားမှုကောင်းစေပြီး အထွက်နှုန်းတိုးစေသည်။
  • ရေငတ်ဒဏ်နှင့် ပိုးမွှားရောဂါဒဏ်များကို ခံနိုင်ရည်ရှိစေသည်။
  • အပင်၏အစာထုတ်လုပ်မှုကို အထောက်အကူပြုစေသည်။
  • ရေ(၄)ဂါလံ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာလိုတရ ရွက်ဖျန်းမြေဩဇာ(၁၅-၂၀)ဂရမ်နှုန်း အသုံးပြုနိုင်သည်။

ဘီနီဖားမား

Quizalofop–P-Ethyl 15% EC

ရွေးချယ်ပေါင်းသတ်ဆေး

  • ဘီနီဖားမား ရွေးချယ်ပေါင်းသတ်ဆေးသည် ဝါ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း၊ ကြက်သွန် နှင့် နံနတ် စသည့် သီးနှံစိုက်ခင်းများတွင် ပေါက်ရောက်သော တစ်နှစ်ခံမြက်နှင့် နှစ်ရှည်ခံပေါင်းများကို နှိမ်နင်းနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။
  • ပေါင်းမြက်များ (၂-၃)ရွက်ထွက်ချိန်(သို့မဟုတ်)သီးနှံစိုက်ပြီး (၁၅-၂၀)ရက်အတွင်း ပက်ဖျန်း အသုံးပြုနိုင်သည်။
  • ရေ(၁၆)လီတာ ဆေးဖျန်ပုံး(၁)ပုံးလျှင် (၂၅-၄၀) စီစီ ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။

ဘီအန်အက်(စ်) အက်(စ်)မီတို

S Metolarchlor

ရွေးချယ်အာနိသင်ရှိသော ပေါင်းသတ်ဆေး

  • ဘီအန်အက်(စ်)အက်(စ်)မီတို ရွေးချယ်ပေါင်းသတ်ဆေးသည် မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း နှင့် ပဲပုတ် စသည့် သီးနှံစိုက်ခင်းများတွင် ပေါက်ရောက်သော တစ်နှစ်ခံမြက်နှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။
  • သီးနှံစိုက်ပြီး (၁-၃)ရက်အတွင်း ပက်ဖျန်း အသုံးပြုနိုင်သည်။
  • ရေ(၁၆)လီတာ ဆေးဖျန်ပုံး(၁)ပုံးလျှင် (၅၀-၁၄၀) စီစီ ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။