- ဗိုက်တာ စပိုး ရေဖျော်ဇီဝပိုးသတ်ဆေးသည် ဖျက်ပိုးများ၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိပါက ရောဂါဖြစ်စေပြီး သေစေနိုင်သည့် အာနိသင်ရှိသည်။
- ပဲမျိုးစုံ၊ စပါး၊ ခရမ်း၊ ရုံးပတီ၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီနှင့် မုန်လာ စသည့် သီးနှံများတွင် အသုံးပြုနိုင်သည်။
- ငမြှောင်တောင်၊ ပွင့်ထွေးရွက်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ယင်ဖြူ၊ ပျ၊ လှေး၊ စိန်ကွက်ဖလံ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ရွက်စားခူ စသည့် ဖျက်ပိုးများကို နှိမ်နင်းနိုင်သည်။
- အဟာရချို့တဲ့မှုကို ကာကွယ်ပေးခြင်း။
- အရွက်များ အဝါရောင်ဖြစ်ပေါ်နေမှာကို ကာကွယ်ပေးခြင်း။
- အသီးပုံသဏ္ဍန်မမှန်ခြင်းမှ ကာကွယ်ပေးခြင်း။
- အနာချိုင့်ရောဂါမှ ကာကွယ်ပေးခြင်း။
- ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် (၅-၁၀)ဂရမ်နှုန်း ပက်ဖျန်းအသုံးပြုနိုင်သည်။
- အမြစ်အားကောင်း၍ ရေနှင့် အာဟာရများကို အပင်မှ ပိုမိုရရှိစေသည်။
- အဖူး ၊ အပွင့်များ၊ ကြီးထွားသန်မာပြီး အသီးတင်မှုကောင်းစေသည်။
- အပွင့်၊ အသီးနှင့် ဥကြီးထွားမှုကောင်းစေပြီး အထွက်နှုန်းတိုးစေသည်။
- ရေငတ်ဒဏ်နှင့် ပိုးမွှားရောဂါဒဏ်များကို ခံနိုင်ရည်ရှိစေသည်။
- အပင်၏အစာထုတ်လုပ်မှုကို အထောက်အကူပြုစေသည်။
- ရေ(၄)ဂါလံ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာလိုတရ ရွက်ဖျန်းမြေဩဇာ(၁၅-၂၀)ဂရမ်နှုန်း အသုံးပြုနိုင်သည်။
- ခရော့(ပ်)ဂန်ဆာ ပင်လုံးပြန့် ရွေးချယ်ပေါင်းသတ်ဆေးသည် စပါး၊ ပြောင်း ၊ကြံ စိုက်ခင်းများတွင် ပေါက်ရောက်သော တစ်နှစ်ခံ နှင့် နှစ်ရှည်ခံ ရွက်ပြန့်ပေါင်းများ၊ မြက်မုန်ညင်းများကို နှိမ်နင်းနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။
- တိုက်ရိုက်အစေ့ချ စပါးစိုက်ခင်းများတွင် စိုက်ပြီး(၁၅-၂၀)ရက်တွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
- ရွှေ့ပြောင်းစပါးစိုက်ခင်းများတွင် ရွှေ့ပြောင်းစိုက်ပြီး (၁၅-၂၀)ရက်တွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
- ပြောင်း၊ ကြံ စိုက်ခင်းများတွင် ပြောင်းပင်အမြင့်(၁ပေ)ရှိချိန်နှင့် ကြံပင်အမြင့် (၁၆)လက်မ ရှိချိန် တွင်ပက်ဖျန်းနိုင်သည်။
- ရေ(၁၆)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ခရော့(ပ်)ဂန်ဆာ ပင်လုံးပြန့်ရွေးချယ်ပေါင်းသတ်ဆေးကို(၅၀-၁၀၀)စီစီ ပက်ဖျန်းအသုံးပြုနိုင်သည်။
- ဗိုက်တာ ကွန်ဖူး ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိ အစွမ်းထက် ပိုးသတ်ဆေးဖြစ်သည်။
- ဖျက်ပိုးများသည် ဆေးနှင့်ထိမိပါက ချက်ချင်းပြုတ်ကျပြီး သေစေနိုင်သည့် အစွမ်းရှိသည်။
- မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ငရုတ်၊ ရှောက်၊ သံပုရာ၊ ဝါ၊ ဂေါ်ဖီ၊ မုန်ညင်း၊ ပန်းမုန်လာ၊ အာလူး၊ ခရမ်းချဉ်နှင့် အခြားသီးနှံစိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
- ငမြှောင်တောင်၊ ပဲသီးတောင့်ထိုးပိုး၊ သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ပျ၊ လှေး စသည့် ဖျက်ပိုးများကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။