ဗိုက်တာဟဲလ်မက်

Hexaconazole 5% ME

ရေဖျော်မှိုသတ်ဆေး

  • ဗိုက်တာဟဲလ်မက် ၅% အမ်အီး မှိုသတ်ဆေးသည် ပင်လုံးပျံ့အာနိသင်ရှိသည်။
  • သီးနှံပင်များပေါ်တွင် ကျရောက်သော မှိုရောဂါများကို ကာကွယ်ရာတွင်လည်းကောင်း၊ ကုသရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။
  • Triazole အုပ်စုဝင် မှိုရောဂါသတ်ဆေးဖြစ်ပြီး သီးပုပ်ရောဂါ၊ သံချေးရောဂါ၊ ဖားဥမှို ရောဂါ၊ မြေပဲရွက်ပြောက်ရောဂါတို့ကို ကြိုတင်ကာကွယ်ခြင်းဖြင့်လည်းကောင်း၊ ကုသခြင်းဖြင့်လည်းကောင်း ပက်ဖျန်းအသုံးပြုနိုင်သည်။

ဗိုက်တာစတား(၂၅)အက်(စ်)စီ

Tebuconazole 5% + Iprodione 20%

မှိုသတ်ဆေးရည်

  • ဗိုက်တာစတား ၂၅ အက်(စ်)စီ မှိုသတ်ဆေးရည်သည် ကာကွယ်မှုနှင့် ကုသမှု နှစ်မျိုးလုံး အသုံးပြုနိုင်သည့် မှိုသတ်ဆေး ဖြစ်သည်။
  • ဗိုက်တာစတား ၂၅ အက်(စ်)စီ မှိုသတ်ဆေးရည်သည် အစွမ်းရှိ မှိုသတ်ဆေး နှစ်မျိုးကို  ပေါင်းစပ်ထားသည့်အတွက် စပါး၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ကြက်သွန်စသည့် သီးနှံများတွင် ကျရောက်လေ့ရှိသော မှိုရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • စပါးသီးနှံများတွင် ကျရောက်သော ရွက်ဖုံးခြောက်ရောဂါ၊ မြေပဲတွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ကြက်သွန်သီးနှံများတွင် ကျရောက်သော တောက်တဲ့မြီးရောဂါ၊ ခရမ်းချဉ်သီးနှံတွင် ကျရောက်သော စောပင်နာရောဂါများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။

တော့ပ်ကေလာ

Pymetrozine 25% SC

ထိသေ၊ စားသေ ပင်လုံးပြန့်ပိုးသတ်ဆေး

  • တော့ပ်ကေလာ ပိုးသတ်ဆေးသည် Pymetrozine 25% ပါဝင်သော ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေး ဖြစ်သည်။
  • စပါး၊ ဝါ၊ သခွား၊ ဂေါ်ဖီ၊ ပဲမျိုးစုံ နှင့် ခရမ်းချဉ် စသည့် သီးနှံများတွင် ကျရောက်သော ယင်ဖြူ၊ ပျ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း စသည့် စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • သီးနှံစိုက်ခင်းများတွင် ရေ ၂၀လီတာဝင် ဆေးဖျန်း ၁ပုံးလျှင် ဆေးဖျော်ရည်(၂၀ – ၄၀)စီစီ ရောစပ် အသုံးပြုပါ။

ကလိုဖန်ဆု

Chlorfenapyr 10%

ထိသေ၊ စားသေ ပိုးသတ်ဆေး

  • ကလိုဖန်ဆု ပိုးသတ်ဆေးသည် Chlorfenapyr 10% ပါဝင်သော ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေး ဖြစ်သည်။
  • အာလူး၊ ငရုတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ဝါ၊ ရှောက်၊ သံပုရာ၊ နှင်းဆီနှင့် စပျစ် စသည့် သီးနှံများတွင် ကျရောက်လေ့ရှိသော ပျ၊ လှေး၊ မွှားပင့်ကူနီနှင့် စိန်ကွက်ဖလံ အစရှိသော ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။
  • သီးနှံစိုက်ခင်းများတွင် ရေ၂၀လီတာဝင် ဆေးဖျန်း ၁ပုံးလျှင် ဆေးဖျော်ရည် (၅၀ – ၉၀)စီစီ ရောစပ် အသုံးပြုပါ။

ဗိုက်တာ ရှိုဗယ် (လ်)

2,4-D Acid 2.4 + Glyphosate Ammonium 30% SL

ရွေးချယ်မဲ့ပေါင်းသတ်ဆေးရည်

  • ဗိုက်တာရှိုဗယ်(လ်) ဆေးသည် ရွေးချယ်မဲ့‌ပေါင်းသတ်ဆေးဖြစ်ပြီး ပေါင်းပင်းများ၏ အရွက်မှ တဆင့် တစ်ပင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့နိုင်သည်။
  • သီးနှံမစိုက်ပျိုးမီနှင့် လယ်ကန်သင်း၊ ယာကန်သင်းတွင် ပေါက်ရောက်သော မြက်၊ မုန်ညင်း ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်သည်။