- ကီးဝအေမင်း ဆေးသည် ပင်လုံးပြန့်အာနိသင်ရှိသော ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သည်။
- ပေါင်းပင်များ၏ အရွက်နှင့် အမြစ်များမှစုပ်ယူပြီး တစ်ပင်လုံးသို့ လျင်မြန်စွာပြန့်နှံ့နိုင်သည်။
- ရွက်ပြန့်ပေါင်းများဖြစ်သော ပုဇွန်စာ၊ လယ်ပဒူ၊ လယ်လေးညင်း၊ ဝက်ကျွတ်၊ မှိုနတို၊ ရေကန်ဇွန်း၊ ဟင်းနုနွယ်ဆူးပေါက်၊ ကြိတ်မှန် နှင့် မြက်မုန်ညင်းများဖြစ်သော မြက်မုန်ညင်းစိမ်း၊ မြက်မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး စသည့် ပေါင်းများကို နှိမ်နင်းနိုင်သည်။
- စပါး၊ ဂျုံ၊ ပြောင်း၊ ဆီအုန်းနှင့် ကြံသီးနှံစိုက်ခင်းများတွင် ပေါက်ရောက်လေ့ရှိသော တစ်နှစ်ခံ၊ နှစ်ရှည်ခံ ရွက်ပြန့်ပေါင်းများနှင့် တစ်နှစ်ခံ မြက်မုန်ညင်းများကို ထိရောက်စွာနှိမ်နင်းနိုင်သည်။
- ရေ(၁၆)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည်(၄၀-၆၀)စီစီနှုန်းဖြင့် ပက်ဖျန်းအသုံးပြုနိုင်သည်။
- ဗိုက်တာရှိုဗယ်(လ်) ဆေးသည် ရွေးချယ်မဲ့ပေါင်းသတ်ဆေးဖြစ်ပြီး ပေါင်းပင်များ၏ အရွက်မှ တဆင့် တစ်ပင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့နိုင်သည်။
- သီးနှံမစိုက်ပျိုးမီနှင့် လယ်ကန်သင်း၊ ယာကန်သင်းတွင် ပေါက်ရောက်သော မြက်၊ မုန်ညင်း ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်သည်။