ဗိုက်တာရွှေခရု

( Niclosamide ethanolamine 83.1% )

( ထိသေ၊ စားသေ ပိုးသတ်ဆေးမှုန့် )

  • ဗိုက်တာရွှေခရု ပိုးသတ်ဆေးမှုန့်သည်  chloronitrophenol ဆေးအုပ်စုဝင် ဖြစ်ပြီး ထိသေ၊ စားသေ အာနိသင်ရှိ အစွမ်းထက်သည့် ဆေးဖြစ်သည်။
  • စပါး စိုက်ခင်းများတွင် ဆိုးရွားစွာ ကျရောက်ဖျက်ဆီးလေ့ရှိသော ရွှေခရု၊ လယ်ခရု၊ ပက်ကျိ စသည့် ဖျက်ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
  • ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာရွှေခရု ဆေးမှုန့် (၅၀ – ၁၀၀)ဂရမ် နှုန်းဖြင့် အသုံးပြု ပက်ဖျန်းနိုင်သည်။

တီနော့ဆု

Thiamethoxam 21%SC

ဆိုင်းတွဲဆေးရည်ပြင်း

  • တီနော့ဆု ပိုးသတ်ဆေး သည် Neonicotinoid ပိုးသတ်ဆေးအုပ်စုဝင်ဖြစ်သည်။
  • သီးနှံမျိုးစုံတွင် ကျရောက်သော ပျ၊ ယင်ဖြူ၊ ဖြုတ်၊ လှေးနှင့် နှံစုပ်ဂျပိုး စသည့် စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည် (၅-၁၅)စီစီနှုန်းဖြင့် ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။

ဗိုက်တာ ဖူဂျီ .၁

Abamectin 0.1% + Imidacloprid 1.7% WP

ထိသေ၊ စားသေနှင့်ပင်လုံးပျံ့ အာနိသင်ရှိပိုးသတ်ဆေးမှုန့်

  • ထိသေ၊ စားသေနှင့် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
  • အပင်တွင်း စိမ့်ဝင်ပျံ့နှံ့နိုင်မှုကောင်းပြီး ဖျက်ပိုးကို နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။
  • ပျ၊ လှေး၊ ယင်ဖြူ၊ ဖြုတ်ညို၊ ဖြုတ်စိမ်းစသည့် စုပ်စားပိုးများနှင့် သီးထိုးပိုး၊ စိန်ကွက်ဖ လံ၊ ငမြှောင်တောင်၊ ရွက်ထွင်းပိုးအစရှိသော သီးနှံဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင် သည်။
  • ပဲတောင့်ရှည်၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ငရုတ်၊ ကြက်သွန်နီ၊ ဝါနှင့် ပန်းစိုက်ခင်းများ သစ်သီးခြံများတွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
  • သီးနှံစိုက်ခင်းများတွင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၃၀-၄၀)ဂရမ်နှုန်း ဖြင့် ရောစပ်အသုံးပြုနိုင်သည်။

ဗိုက်တာ – စကေလာ

Thiamethoxam 25% WDG

ပင်လုံးပျံ့အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးခဲ

  • Neonicotinoid ပိုးသတ်ဆေးအုပ်စုဝင်ဖြစ်သည်။
  • သီးနှံမျိုးစုံတွင် ကျရောက်သော ပျ၊ ယင်ဖြူ၊ ဖြုတ်၊ လှေး၊ ရွက်ထွင်းပိုး၊ အကြေးပိုး၊ မီလီဂျပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။
  • မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးပြု၍ မြေအောင်းပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။

ဗိုက်တာနမ်ချပ်ကူ

Emamectin Benzoate + Cypermethrin 3.2 % ME

ထိသေ၊စားသေ အာနိသင်ရှိ ပိုးသတ်ဆေး

  • ထိသေ၊စားသေ အာနိသင်ရှိပြီး အရွက်၏ တစ်သျှူးအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့မှုအားကောင်းသည်။
  • စပါး၊ အာလူး၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ သခွား၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံတို့တွင် သုံးစွဲနိုင်သည်။
  • ရွက်ထွင်းပိုး၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ စိန်ကွက်ဖလံစသည့်ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။