ဗိုက်တာမာရှယ် ၁၅အီးစီ

Cyhalofop-butyl 15% EC

ပင်လုံးပြန့် စပါးရွေးချယ်ပေါင်းသတ်ဆေးရည်

  • ဗိုက်တာမာရှယ် ၁၅ % အီးစီ ပေါင်းသတ်ဆေးသည် ပေါင်းပင်များ ပေါက်ပြီးမှ အသုံးပြုရသော ပင်လုံးပြန့်ရေဖျော် ပေါင်းသတ်ဆေးဖြစ်ပါသည်။
  • စပါးစိုက်ခင်းထဲတွင် ပေါင်းမြက်များ (၂-၄)ရွက်ထွက်သည့် အဆင့်တွင် ပက်ဖျန်းအသုံးပြုပါ။
  • စပါးစိုက်ခင်းထဲတွင် ပေါက်ရောက်သော မြက်သီး၊ ဒေါင်းမြီးပျံ၊ လက်သဲခွ၊ ဖော့မြက်၊ ဝါးရုံမြက်၊ ဝမ်းဘဲစာမြက်၊ ကခြေသည်မြက်၊ မြက်ခါးနှင့် အခြားမြက်များကို အထူးနှိမ်နင်းနိုင်သည်။
  • စပါးစိုက်ခင်းထဲတွင်ပေါက်ရောက်သော မြက်ပင်များအား ဆေးဖျန်းပြီး (၂)ရက်မှ တစ်ပတ်အတွင်း အဝါရောင်သန်းကာ ညိုးခြောက်သွားစေပြီး ပေါင်းပင်အစိတ်အပိုင်း တစ်ခုလုံးကို (၂)ပတ်မှ (၃)ပတ်အတွင်း သေစေနိုင်သော ရေဖျော်ပေါင်းသတ်ဆေး တစ်မျိုးဖြစ်သည်။

ဗိုက်တာအောရိုက်ဇာ

Bispyribac-Sodium 40% SC

ပင်လုံးပြန့် စပါးရွေးချယ် ပေါင်းသတ်ဆေးရည်

  • ဗိုက်တာအောရိုက်ဇာ ပေါင်းသတ်ဆေးသည် အပင်၏ အရွက်နှင့် အမြစ်များမှ စုပ်ယူနိုင်သည့် အစွမ်းရှိသော ပင်လုံးပြန့်စပါးရွေးချယ် ပေါင်းသတ်ဆေးဖြစ်သည်။
  • စပါးစိုက်ခင်းများတွင် ပေါက်ရောက်သော တစ်နှစ်ခံမြက် ၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းများကို အထူးနှိမ်နင်းနိုင်သည်။
  • စပါးစိုက်ခင်းထဲတွင် ပေါင်းမြက်များ(၂-၃)ရွက်ထွက်သည့် အဆင့်တွင် ပက်ဖျန်း အသုံးပြုပါ။
  • ရေသွင်းရေထုတ်
  • ဆေးမဖျန််းခင် စိုက်ခင်းအတွင်း တစ်ရက်ကြိုတင်ပြီး ရေထုတ်ထားရန်လိုသည်။
  • ဆေးဖျန်းပြီးနောက် (၂-၃)ရက် အကြာတွင် ရေပြန်သွင်းရန် လိုအပ်သည်။ဆေးဖျန်းထားသည့်အကွက်မှ ရေပေါက်မကျစေရန် ဂရုစိုက်ပါ။ ရေကို(၃-၄)စင်တီမီတာဖြင့် (၁၀)ရက်ကြာအောင် ဆက်ထိန်းထားပါ။

ဗိုက်တာ ရှင်းလင်း

Chlorfenapyr 24 % + Lufenuron 6%

ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေး

  • ဗိုက်တာ ရှင်းလင်း ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိပြီး အစွမ်းရှိ ဆေး(၂)မျိုးဖြင့် ပေါင်းစပ် ထုတ်လုပ်ထားခြင်းကြောင့် ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • လှေး၊ ယင်ဖြူ၊ ပျ၊ ဖြုတ်၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင် နှင့် ရွက်ထွင်းပိုး စသည့် ဖျက်ပိုးများကို အထူးကာကွယ် နှိမ်နင်းနိုင်သည်။
  • ဖျက်ပိုးများကို ဆေးဖျန်းပြီး (၃-၅)ရက် အတွင်းသေစေနိုင်ပြီး ဆေးအာနိသင်သည် (၂၀-၃၀)ရက်ကြာ  တည်မြဲနိုင်သည်။
  • မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲလွမ်း၊ စပါး၊ အာလူး၊ ခရမ်းချဉ်နှင့် အခြားသီးနှံစိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
  • စုပ်စားပိုးများဖြစ်သည့် လှေး၊ ယင်ဖြူ၊ ပျ နှင့် ဖြုတ် စသည့် ဖျက်ပိုးများကို အထူးနှိမ်နင်းနိုင်သည်။

ပိုင်ရီမတ်

(Pyriproxyfen 8% + Spirotetramat 16%)

(ထိသေ၊ စားသေနှင့် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးရည်)

  • ပိုင်ရီမတ် ပိုးသတ်ဆေးသည် အပင်အတွင်း အထက်အောက်ရွေ့လျားနိုင်သော ထိသေ၊ စားသေနှင့် ပင်လုံးပျံ့ အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
  • ဖျက်ပိုးများ၏ မျိုးဥများမှ အကောင်ပေါက်နိုင်စွမ်းကိုလည်း လျော့ချပေးသည်။
  • ဖျက်ပိုးများ ငယ်စဉ်အချိန်တွင် အသုံးပြုပက်ဖျန်းပါက အရွယ်ရောက်ခြင်းအဆင့်သို့ မရောက်နိုင်အောင် ဟန့်တားပေးသည်။
  • မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ မြေပဲ၊ ကြက်သွန်နီ/ဖြူ၊ ဂေါ်ဖီ၊ မုန်လာ၊ အာလူး၊ ခရမ်းချဉ်၊ ဂန္ဓမာနှင့် အခြားဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
  • ယင်ဖြူ၊ ပျ၊ လှေး၊ ရွက်ထွင်းပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ မွှားပင့်ကူနီ စသည့် ဖျက်ပိုးများကို အထူးကာကွယ် နှိမ်နင်းနိုင်သည်။

ဗိုက်တာ ရှယ်ဝမ်း

Clothianidin 10% + Pymetrozine 40% WP

ပင်လုံးပြန့်အာနိသင်ရှိရေဖျော်ပိုးသတ်ဆေးမှုန့်

  • ဗိုက်တာ ရှယ်ဝမ်း ပိုးသတ်ဆေးသည် ပင်လုံးပြန့် အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးဖြစ်သည်။
  • ပဲအမျိုးမျိုး၊ စပါး၊ အာလူး၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပြောင်း၊ ဝါ စသည့်သီးနှံများတွင် အသုံးပြုနိုင်သည်။
  • ပဲအမျိုးမျိုး၊ အာလူး၊ ခရမ်းချဉ် စိုက်ခင်းများတွင် ကျရောက်လေ့ရှိသော ယင်ဖြူ၊ ပျ နှင့် စပါး စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးလေ့ရှိသော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူ စသည့် ဖျက်ပိုးများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။