ဗိုက်တာမာရှယ် ၁၅အီးစီ

Cyhalofop-butyl 15% EC

ပင်လုံးပြန့် စပါးရွေးချယ်ပေါင်းသတ်ဆေးရည်

  • ဗိုက်တာမာရှယ် ၁၅ % အီးစီ ပေါင်းသတ်ဆေးသည် ပေါင်းပင်များ ပေါက်ပြီးမှ အသုံးပြုရသော ပင်လုံးပြန့်ရေဖျော် ပေါင်းသတ်ဆေးဖြစ်ပါသည်။
  • စပါးစိုက်ခင်းထဲတွင် ပေါင်းမြက်များ (၂-၄)ရွက်ထွက်သည့် အဆင့်တွင် ပက်ဖျန်းအသုံးပြုပါ။
  • စပါးစိုက်ခင်းထဲတွင် ပေါက်ရောက်သော မြက်သီး၊ ဒေါင်းမြီးပျံ၊ လက်သဲခွ၊ ဖော့မြက်၊ ဝါးရုံမြက်၊ ဝမ်းဘဲစာမြက်၊ ကခြေသည်မြက်၊ မြက်ခါးနှင့် အခြားမြက်များကို အထူးနှိမ်နင်းနိုင်သည်။
  • စပါးစိုက်ခင်းထဲတွင်ပေါက်ရောက်သော မြက်ပင်များအား ဆေးဖျန်းပြီး (၂)ရက်မှ တစ်ပတ်အတွင်း အဝါရောင်သန်းကာ ညိုးခြောက်သွားစေပြီး ပေါင်းပင်အစိတ်အပိုင်း တစ်ခုလုံးကို (၂)ပတ်မှ (၃)ပတ်အတွင်း သေစေနိုင်သော ရေဖျော်ပေါင်းသတ်ဆေး တစ်မျိုးဖြစ်သည်။