- ဒိုင်နိုမက် ပိုးသတ်ဆေးသည် ထိသေ၊ စားသေနှင့် ပင်လုံးပျံ့ အာနိသင်ရှိပြီး မတူညီသော အစွမ်းရှိ ဆေး(၂)မျိုးဖြင့် ပေါင်းစပ် ထုတ်လုပ်ထားခြင်းကြောင့် ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်ပါသည်။
- သီးနှံဖျက်ပိုးများ၏ အာရုံကြောစနစ်များကို ပျက်စီးစေပြီး အစာစားခြင်း ရပ်တန့်ကာ နာရီပိုင်းအတွင်း လျင်မြန်စွာ သေဆုံးစေနိုင်သည်။
- ဆေးအာနိသင်သည် ကြာရှည်စေပြီး ဆေးယဉ်ပါးမှုကိုလည်း နည်းပါးစေပါသည်။
- ခရမ်းချဉ်၊ အာလူး၊ ဂေါ်ဖီ၊ သခွား၊ သခွားမွှေး၊ ဝါ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ရှောက်၊ သံပုရာ၊ လိမ္မော်၊ ဂန္ဓမာနှင့် အခြားဟင်းသီးဟင်းရွက်စိုက်ခင်း များတွင် အသုံးပြုပက်ဖျန်းနိုင်သည်။
- စုပ်စားပိုးများဖြစ်သည့် လှေး၊ ယင်ဖြူ၊ ပျ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူ၊ ရွက်ထွင်းပိုး စသည့် ဖျက်ပိုးများကို အထူးနှိမ်နိင်းနိုင်သည်။