ခရော့-ဖီနိုက်(စ်)

Dinotefuran 20% SG

ရေဖျော်ပိုးသတ်ဆေးခဲ

  • Neonicotinoid အုပ်စုဝင် ထိသေ၊ စားသေနှင့် ပင်လုံးပျံ့ပိုးသတ်ဆေးဖြစ်သည်။
  • အရွက်နှင့်အမြစ်တို့မှ စုပ်ယူနိုင်ပြီး ပင်တွင်းပျံ့နှံ့နိုင်မှု အားကောင်းသည်။
  • နှံစုပ်ဂျပိုး၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ လှေး၊ ပျနှင့် ယင်ဖြူအစရှိသော စုပ်စားပိုးများကို နှိမ်နင်းနိုင်သည်။
  • မီလီဂျပိုး၊ ရွက်ထွင်းပိုး၊ စပါးရွက်လိပ်ပိုး၊ လှေးကျိုင်းတို့ကို နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်သည်။
  • စပါး၊ ပဲမျိုးစုံ၊ မြေပဲ၊ ငရုတ်၊ ခရမ်း၊ ခရမ်းချဉ်၊ သခွားမွှေး၊ ဖရဲ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ နှင့် အခြားသစ်သီးခြံများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
  • သီးနှံစိုက်ခင်းများတွင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည်(၁၀-၂၀)ဂရမ် ဖြင့် ရောစပ်အသုံးပြုနိုင်သည်။